Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအဆင့် မြစိမ်းရောင် သုံးသပ်ဆွေးနွေးပွဲနှင့် ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

တိုင်းဒေသကြီးအဆင့် မြစိမ်းရောင် သုံးသပ်ဆွေးနွေးပွဲနှင့် ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီလ ၆
======================

ဖေဖော်ဝါရီလ (၆)ရက်နေ့ နေ့လည် (၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးခန်းမ၌ တိုင်းဒေသကြီးအဆင့် မြစိမ်းရောင် သုံးသပ်ဆွေးနွေးပွဲနှင့် ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲတွင် အကြံပြုဆွေးနွေးမည့် အချက်များအား ရှင်းလင်းတင်ခြင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးနိုင်မှ စံပြကျေးရွာဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပထမဆုရသော တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ကြက်တက်ညောင်ပင်အုပ်စု၊ သပြေကုန်းကျေးရွာ၊ ဒုတိယဆု ရရှိသော ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဆင်လူးအုပ်စု၊ ဝက်မြေလူးကျေးရွာ၊ တတိယဆု ရရှိသော သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ လက်ပံတုန်းအုပ်စု၊ လက်ပံတုန်းကျေးရွာနှင့် နှစ်သိမ့်ဆု ရရှိသော ပဲခူးခရိုင် ၊ ကျောက်တံခါးမြို့နယ်၊ ကင်းပွန်းခြုံအုပ်စု၊ ဖြူးစုကျေးရွာတို့အား ဆုချီးမြှင့် ပေးအပ်ခဲ့ပြီး ပထမဆုရရှိသော ကျေးရွာကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနားအား ညနေ (၃:၄၀) တွင် ရုတ်သိမ်းခဲ့ပါသည်။