Home / ညောင်လေးပင်မြို့နယ် / ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ဒေသခံပြည်များနှင့်တွေ့ဆုံ

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ဒေသခံပြည်များနှင့်တွေ့ဆုံ

ဖေဖော်ဝါရီ ၉ (ညောင်လေးပင်)
====================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့အနီး ရေပေါ်သောင်ကျေးရွာ သဒ္ဓမ္မာစရရေပေါ်သောင်ဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရန်အတွက် ဒေသခံပြည်များနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက မိမိနှင့်အဖွဲ့သည် ရေပေါ်သောင်ကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများဖွံ့ဖြိုးရေးအတွက် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ တွေ့ဆုံကြုံ တွေ့နေကြသည့်အခက်အခဲပြဿ နာများကို စုပေါင်းညှိနှိုင်းအဖြေရှာကြရန်လိုကြောင်း၊ မည်သည့်ကိစ္စမဆို စည်းလုံးညီညွတ်စွာဖြင့် စုပေါင်းဆောင်ရွက်မည်ဆိုပါက အောင်မည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် တစ်ဦးချင်းစီ၏ပညာရည်မှတ်တမ်းမြင့်မားပြီး အသိပညာပြည့်ဝစေရန်လိုကြောင်း၊ ပြဿ နာတစ်ခုဖြစ်ပေါ်လာပါက အစိုးရအဖွဲ့ကိုသာအားကိုးမှုမပြုဘဲ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းကျင့်စဉ်၊ယဉ်ကျေးမှု၊ အနှစ်သာရများအား လူတိုင်းလူတိုင်းသိရှိကြရန်လိုကြောင်း၊ဒေသခံပြည်သူများကလည်း ဒေသဖွံ့ဖြိုးရေးအတွက် ပွင့်လင်းမြင်သာစွာတင်ပြပေးစေလိုကြောင်းအမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ရေပေါ်သောင်ကျေးရွာ၊ ချောင်းကျိုးကျေးရွာ၊ ဂျောင်းတာကျေးရွာ၊ သောင်ကြီးကျေးရွာများမှဒေသခံပြည်သူမျက ကိုယ်ထူကိုယ်ထဆောင်ရွက်ခဲ့သောလျှပ်စစ်မီးလင်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်မှပြန်လည်လွှဲပြောင်းယူရန်နှင့် ကုန်ကျငွေအချို့အားထောက်ပံ့ပေးရန်ကိစ္စ၊ စစ်တောင်းမြစ်ကမ်းဆက်လက်ပြိုကျမှုအခြေအနေမဖြစ်ပေါ်အောင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးရေးကိစ္စ၊ ကျေးရွာချင်းဆက်လမ်းများကောင်းမွန်အောင်ဆောင်ရွက်ပေးရေးကိစ္စ၊ ရေပေါ်သောင်ကျေးရွာရှိအခြေခံပညာအလယ်တန်းကျောင်းခွဲအား အလယ်တန်းကျောင်းအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ပေးရန်၊ သောင်ကြီးကျေးရွာအလယ်တန်းကျောင်း အန္တရာယ်ရှိကျောင်းဆောင်အားပြင်ဆင်ပေးရေးကိစ္စ၊ ကမ်းပြိုခြင်းကြောင့်တာဦးကျေးရွာ၌ အိမ်ယာမဲ့ဖြစ်သွားသူများအား နေထိုင်စရာနေရာပြန်လည်ဆောင်ရွက်ပေးကိစ္စရပ်၊ ဗောဓိကုန်းကျေးရွာရိုးချောင်းဖြတ်ကျော်တံတားဆောက်လုပ်ပေးရေးကိစ္စရပ်များတင်ပြကြရာ ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းတင်ပြပေးကြသည်။
ယင်းနောက် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းပေးပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ ရေပေါ်သောင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းသား/သူများအတွက် အားကစားဘောလုံးများကိုကျောင်းအုပ်ဆရာမကြီးထံပေးအပ်ခဲ့ပြီး တွေ့ဆုံပွဲအားနေ့လည်(၁၂:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဒ္ဓမ္မာစရရေပေါ်သောင်ဘုန်းတော်ကြီးကျောင်းဆရာတော်အား ဖူးမျှော်ကန်တော့ပြီးလှူ ဖွယ်ဝတ္ထုဆက်ကပ်လှူ ဒါန်းကာ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့်အတူ ရေပေါ်သောင်ကျေးရွာအနီး စစ်တောင်းမြစ်ကမ်းပါပြိုကျနေမှုအခြေအနေအားကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။