Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တောင်နဝင်းဆည်တမံအား အချိန်ပြည့်ကြည့်ရှုနိုင်ရန် CCTV များဆင်မှုပြီးစီး

တောင်နဝင်းဆည်တမံအား အချိန်ပြည့်ကြည့်ရှုနိုင်ရန် CCTV များဆင်မှုပြီးစီး

ဖေဖော်ဝါရီ ၉ (ပေါက်ခေါင်း)
======================

ဖေဖော်ဝါရီလ (၉)ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ တောင်နဝင်းဆည်တမံအား အချိန်ပြည့် ကြည့်ရှုနိုင်ရန် CCTV  (၈)လုံး တပ်ဆင်လျက်ရှိရာ ညနေပိုင်းတွင် တပ်ဆင်ခြင်း၊ စမ်းသပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
အဆိုပါ CCTV တပ်ဆင်ခြင်းအား ပေါက်ခေါင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး၊ CCTV မှ ရရှိသည့် အချက်အလက်များအား ပြည်သူများထံသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ Website (www.bagoregion.gov.mm) နှင့် Facebook Page (Bago Region Government Office)တို့မှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် တောင်နဝင်းဆည်တမံနှင့်ပတ်သက်၍ ကောလဟာလ သတင်းများအား မယုံကြည်ကြပါရန်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။