Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပြုလုပ်

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၁၂ (ပဲခူး)
=====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နံနက်(၇:၃၀)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဖက်မုခ်ရှိ ယာဉ်ရပ်နားကွင်းတွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ လွှတ်တော် ဒုတိယဥက္ကဌနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ပြည်သူများ စုစုပေါင်းအင်အား (၃၀၀၀)ဦးကျော် တက်ရောက်ကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဆောင်သော တက်ရောက်လာကြသူအားလုံးက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံနှင့် ကျဆုံးသွားသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ဖတ်ကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင်ကျင်းပပြုလုပ်သည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်း၊ အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်ပြခန်း၊ ဌာနဆိုင်များ၏ ဌာနအလိုက် ကျန်းမာရေးပြခန်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းပြခန်း၊ ပညာရေးပြခန်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာပြခန်းများ ပြသထားခြင်း၊ ကရင်၊ ရခိုင်၊ မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချခြင်းများ ပါဝင်ပြသထားပြီး ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှလည်း (၅)ကီလိုမီတာ ကျား/မ အပြေးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။