Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၅)ကီလိုမီတာ ကျား/မအပြေးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပပြုလုပ်

(၅)ကီလိုမီတာ ကျား/မအပြေးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၁၂ (ပဲခူး)
================

ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နံနက်(၆)နာရီအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် Milo Nestleတို့ပူးပေါင်းပြီး (၅)ကီလိုမီတာ ကျား/မအပြေးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အဆိုပါ(၅)ကီလိုမီတာ ကျား/မအပြေးပြိုင်ပွဲတွင် ပဲခူးခရိုင်(၈)မြို့နယ်နှင့် တောင်ငူခရိုင်(၆)မြို့နယ်တို့မှ အားကစားသမား(၃၅၀)ကျော် ပါဝင်ကာ ပဲခူးမြို့ ဥဿာမြို့သစ်  (၇)ရပ်ကွက် ဗိုလ်မင်းရောင်လမ်းထိပ်မှ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့အထိ (၅)ကီလိုမီတာအကွာအဝေးအား ပါဝင်ယှဉ်ပြိုင်ကြသည်။
ထို့နောက် မိုးလုံလေလုံအားကစားခန်းမတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ အမျိုးသမီးအပြေးပြိုင်ပွဲ၌ အဆင့်(၄)မှ (၅၀)အထိ၊ အမျိုးသားအပြေးပြိုင်ပွဲတွင် အဆင့်(၄)မှ (၅၀)အထိရရှိသူများအား လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ ပဲခူးတိုင်းဒေသကြီး အာကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အမျိုးသမီးအပြေးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်ကဆုများပေးအပ်ချီးမြှင့်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမျိုးသားအပြေးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား ဆုတံဆိပ်၊ ငွေသားဆုနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကြောင်း သတင်းရရှိသည်။