Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ဆေးကုသမှုအတွက် အလှူငွေလှူဒါန်း

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ဆေးကုသမှုအတွက် အလှူငွေလှူဒါန်း

ဖေဖော်ဝါရီ ၁၃ (ပဲခူး)
========================

5ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ဆေးကုသရန် အလှူငွေလှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံ အစည်းအဝေးခန်းတွင် ဂျာမဏီနိုင်ငံ INTERPLAST-Germany teamမှ အထူးကုဆရာဝန်ကြီးများနှင့် ပဲခူးဆေးရုံမှ တာဝန်ရှိသူများအားတွေ့ဆုံကာ ဆေးရုံအုပ်ကြီးမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဆေးကုသရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော ငွေကျပ်သိန်း(၃၀)အား ဝန်ကြီးချုပ်မှ ဆေးရုံအုပ်ကြီးဒေါက်တာရန်နိုင်မောင်ထံ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်နေမှုနှင့် ခွဲစိတ်ပြီးလူနာများ၊ အထွေထွေရောဂါဖြင့် ဆေးရုံတက်ကုသမှုခံယူနေသော လူနာများအား လှည့်လည်ကြည့်ရှုပြီး အားပေးစကား ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံစားဖိုမှုးများအသင်းတို့ ဦးဆောင်မှုဖြင့် ဂျာမာန်+မြန်မာ ကုသရေးအဖွဲ့နှင့် ပဲခူးမြို့ မြို့မိမြို့ဖများ ပူးပေါင်းပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ(၁၅)ရက်နေ့အထိ ကုသိုလ်ယူအခမဲ့ ခွဲစိတ်ကုသပေးလျှက်ရှိကြောင်း သတင်းရရှိသည်။