Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်မှုဗဟိုကော်မတီ (အဋ္ဌမအကြိမ်) အစည်းအဝေးသို့ ဝန်ကြီးချုပ် တက်ရောက်

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်မှုဗဟိုကော်မတီ (အဋ္ဌမအကြိမ်) အစည်းအဝေးသို့ ဝန်ကြီးချုပ် တက်ရောက်

ဖေဖော်ဝါရီ ၁၄ (နေပြည်တော်)
===================

ဖေဖော်ဝါရီလ (၁၄)ရက်နေ့၊ နံနက် (၉)နာရီအချိန်က နေပြည်တော်၊ ရုံးအမှတ်(၃၉)တွင် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်ကျင်းပပြုလုပ်သည့် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်မှုဗဟိုကော်မတီ (အဋ္ဌမအကြိမ်) အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်လျက်ရှိသည်။
အဆိုပါအစည်းအဝေး၌ ပဲခူးတိုင်းဒေသကြီး၏ အဏ္ဏဝါဂေဟေစနစ်၊ ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်နိုင်ရေးနှင့် သစ်တောဂေဟစနစ် ပြန်လည်ထိန်းသိမ်းဆောင်ရွက်ရန် စီမံချက်တို့အား ဆွေးနွေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ ကော်မတီဝင်များ၊ သံယဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ကော်မတီဝင် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။