Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သာယာဝတီခရိုင်အတွင်း စက်မှုလယ်ယာစနစ်တကျလယ်မြေစီမံကိန်းဆောင်ရွက်နေမှုနှင့် Community Learning Centre ဆောက်လုပ်နေမှုအား ဝန်ကြီးချုပ် စစ်ဆေးကြည့်ရှု

သာယာဝတီခရိုင်အတွင်း စက်မှုလယ်ယာစနစ်တကျလယ်မြေစီမံကိန်းဆောင်ရွက်နေမှုနှင့် Community Learning Centre ဆောက်လုပ်နေမှုအား ဝန်ကြီးချုပ် စစ်ဆေးကြည့်ရှု

လက်ပံတန်း မတ် ၁၀

=======================

၂၀၁၈-၂၀၁၉ ဘဏ္ဏာနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဖော်ထုတ်သော စက်မှုလယ်ယာ စနစ်ကျလယ်မြေ(၁၀၂)ဧက ဖော်ထုတ်ရေးစီမံကိန်းအခြေအနေအားရှင်းလင်းတင်ပြခြင်းကို မတ်လ(၁၀) ရက်နေ့ နံနက်(၁၀း၃၀)အချိန်က သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ်၊ ရေကန်ကျေးရွာအုပ်စု၊ မင်းလမ်းကျေးရွာရှိ ကွင်းအမှတ်(၁၀၉၈၊သပြေပင်ကွင်း)၌ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာဝန်ကြီးချုပ်က လယ်စိုက်ဖို့အချိန်မှီမမှီ၊ ရေလုံလောက်စွာရရှိမှုရှိမရှိ မေးမြန်းရာ ပဲခူးတိုင်းစိုက်ပျိုးရေးညွှန်ကြားရေးမှူး ဦးလှမြင့်ကပြန်လည်ရှင်းလင်းတင်ပြသည်။စက်မူလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးညွှန်ကြားရေးမှူး ဦးဝင်းရွှေက စက်မူလယ်ယာစနစ်တကျလယ်မြေ(၁၀၂)ဧကဖော်ထုတ်ရေးစီမံကိန်းတွင် လုပ်ငန်းများဖော်ထုတ်ဆောင်ရွက်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ မင်းလှမြို့နယ် သာယာကုန်းကျေးရွာအုပ်စု မင်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ Community Learning Center RC ၁ထပ် ဆောက်လုပ်နေမှုအား ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးတို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါ အဆောက်အဦအား ၂၀၁၈-၂၀၁၉ဘဏ္ဏာရေးနှစ် ခွင့်ပြုငွေကျပ် ၄၉.၃ သန်းဖြင့် Red Full Moon ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး RC(၁)ထပ် (၆၀ပေ×၃၅ပေ×၁၂ပေ)ရှိကြောင်း သိရှိရသည်။