Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်သူ့ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန် စည်ပင်သာယာရေးလုပ်ငန်းများအစီရင်ခံစနစ် အကောင်အထည်ဖော်ခြင်း အခမ်းအနားကျင်းပ

ပြည်သူ့ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန် စည်ပင်သာယာရေးလုပ်ငန်းများအစီရင်ခံစနစ် အကောင်အထည်ဖော်ခြင်း အခမ်းအနားကျင်းပ

မတ် ၁၁ (ပဲခူး)
======================

မတ်လ(၁၁)ရက်နေ့ မွန်းလွဲ(၁:၄၀)နာရီအချိန်က ပဲခူးမြို့ သီရိဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်သူ့ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန် စည်ပင်သာယာရေးလုပ်ငန်းများဝန်ဆောင်အစီရင်ခံသည့်ဆော့ဝဲစနစ် စတင်အကောင်အထည်ဖော်အသုံးပြုခြင်း မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာစောညိုဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တွင် ပြည်သူများ၏ စည်ပင်သာယာရေးလိုအပ်ချက်များ စောင့်ကြည့်ပြီး လိုအပ်ချက်များဖြည့်ဆည်းပေးသည့် အစီအစဉ်နှင့်ပတ်သက်၍ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့  ညွှန်ကြားရေးမှူးဦးအောင်မြင့်က ရှင်းလင်းပြောကြားသည်။
ထို့နောက် ICT နည်းပညာသုံးပြီး အုပ်ချုပ်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်အောင်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့မှတာဝန်ရှိသူ Mr.Zubair K Bhattiကလည်းကောင်း၊ စည်ပင်သာယာရေးဝန်ဆောင်မှုအစီရင်ခံသည့်စနစ် ပလက်ဖောင်းနှင့်ပတ်သက်ပြီး အသုံးပြုပုံနည်းလမ်းများ၊ အဆိုပါအစီရင်ခံစနစ် Application ကို ဖုန်းဖြင့် ဒေါင်းလုပ်ရယူပုံ၊ အချက်အလက်ဖြည့်သွင်းခြင်းများ နှင့် ပေးပို့ခြင်းများပြုလုပ်ပုံအဆင့်ဆင့်ကို ကမ္ဘာ့ဘဏ်(ICT)အကြံပေး ဦးမျိုးမင်းဦးကလည်းကောင်းရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက သိလိုသည်များမေးကြသည်။
ပြည်သူများသည် မိမိတို့၏ပတ်ဝန်းကျင်ရှိ စည်ပင်သာယာရေးနှင့်ပတ်သက်သည့် အခြေအနေများ၊ သိရှိလိုသည်များ ၊ မေးမြန်းလိုသည့်အချက်အလက်များကို အဆိုပါ စည်ပင်သာယာရေးဝန်ဆောင်မှု အစီရင်ခံစနစ် ဆော့ဝဲ Application ကို အသုံးပြု၍ အချက်အလက်များဖြည့်သွင်း ပေးပို့နိုင်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာစောညိုဝင်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူ းဦးအောင်မြင့်နှင့် စည်ပင်ဝန်ထမ်းများ၊ ပဲခူးမြို့နယ်စည်ပင်သာယာကော်မတီဝင်များ၊ ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများ၊ ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူ းများ၊ ရပ်ကွက်စည်ပင်ကော်မတီဝင်လောင်းများ၊ ပရဟိတအသင်းအဖွဲ့များ တက်ရောက်ကြကြောင်းသတင်းရရှိသည်။