Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် DGB Microfinance Myanmar မှ အလှူငွေ လာရောက်လှူဒါန်း

ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် DGB Microfinance Myanmar မှ အလှူငွေ လာရောက်လှူဒါန်း

မတ် ၁၃ (ပဲခူး)
======================

မတ်လ (၁၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် DGB Microfinance Myanmar မှ အလှူငွေကျပ် သိန်း(၅၀) လာရောက်လှူဒါန်းသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းတွင် အသေးစားငွေချေး လုပ်ငန်းများကို ပြည်တွင်း/ပြည်ပကုမ္ပဏီများမှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ဘဏ်လုပ်ငန်းများ၊ အသေးစားငွေချေးလုပ်ငန်းများ၊ အာမခံ လုပ်ငန်းများစသည့်တို့ကို ပြည်တွင်း/ပြည်ပကုမ္ပဏီများ လုပ်ကိုင်ခွင့်ချထားပေးလျက်ရှိကြောင်း၊ အသေးစားငွေချေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အတိုးနှုန်းသက်သာစွာ ပြည်သူလည်း အကျိုးရှိ၊ ကုမ္ပဏီလည်း အကျိုးရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ယခုလို ပဲခူးတိုင်း ဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး အလှူငွေကျပ်သိန်း(၅၀) လာရောက်လှူဒါန်းပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် DGB Microfinance Myanmar မှ CEO, Mr. Kim, Tae Oh က အလှူငွေကျပ်သိန်း(၅၀)အား ပေးအပ်လှူဒါန်းရာ၊ ဝန်ကြီ:ချုပ်နှင့် စာရင်းစစ်ချုပ်တို့က လက်ခံ ရယူခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ယင်းနောက် DGB Microfinance Myanmar မှ CEO, Mr. Kim, Tae Oh က မိမိတို့ ကုမ္ပဏီသည် တောင်ကိုရီးယားနိုင်ငံအခြေစိုက်ဖြစ်ပြီး ဗီယက်နမ်၊ ထိုင်း၊ တရုတ်စသော နိုင်ငံများတွင် အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အသေးစားငွေချေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံများအား စီးပွားရေး၊ လူမှုရေးများ တိုးတက်မြင့်မားစေရန်အတွက် အသေးစားငွေချေးလုပ်ငန်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရရှိလာသည့် အမြတ်အစွန်းများကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ် ထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းများတွင် ထပ်မံလှူဒါန်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ် ဦ:ဝင်းသိန်း၊ စာရင်းစစ်ချုပ် ဒေါ်သန်းသန်းဝင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ညွန်ကြားရေးမှူး ဦးလှမင်းထွဋ်၊ DGB Microfinance Myanmar မှ CEO, Mr. Kim, Tae Oh ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။