Home / ညောင်လေးပင်မြို့နယ် / ပြည်သူများ၏အခက်အခဲပြဿနာများ ဖြေရှင်းပေးနိုင်ရန် လူထုတွေ့ဆုံပွဲကျင်းပပြုလုပ်

ပြည်သူများ၏အခက်အခဲပြဿနာများ ဖြေရှင်းပေးနိုင်ရန် လူထုတွေ့ဆုံပွဲကျင်းပပြုလုပ်

မတ် ၁၇ (ညောင်လေးပင်)
==============

ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်၊ တပ်ဦးအောင်ချမ်းသာဘုန်းတော်ကြီးကျောင်းတွင် မတ်လ(၁၇)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြည်သူများ၏အခက်အခဲပြဿ နာများဖြေရှင်းပေးနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က လူထုနှင့်ပတ်သက်သောပြဿနာများ၊ ဌာနဆိုင်ရာများနှင့် ပတ်သက်သောပြဿနာများ၊ နိုင်ငံတော်နှင့်သက်ဆိုင်သောပြဿနာများကို မြန်မြန်ဆန်ဆန် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းနိုင်ရေးအတွက် လူထုတွေ့ဆုံပွဲများ ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်သူများကလည်း မိမိတို့ဒေသအတွက်ဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ပြည်သူများ၏ တွေ့ကြုံနေရသည့် အခက်အခဲပြဿနာများကို ပွင့်လင်းစွာတင်ပြပေးရန်၊ ဖွံ့ဖြိုးရေးကိစ္စများ ဆောင်ရွက်ပေးရန်အတွက်လည်း ပြည်သူများက ကျသင့်သောအခွန်အခများကို မှန်ကန်စွာပေးဆောင်ကြရန် အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသောစည်ပင်ကျေးရွာ၊ဇီးကုန်းကြီးကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ မုက္ခမူကျေးရွာ၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများက ကမ်းပါးပြိုကြခြင်း ဒဏ်ကာကွယ်ထိန်းသိမ်းပေးရန်ကိစ္စ၊ ကျေးရွာအသီးသီးရှိပြည်သူများက သိမ်းဆည်းခံလယ်ယာမြေများကိစ္စ၊ လျှပ်စစ်မီးလင်းရေးဆိုင်ရာကိစ္စ၊ လမ်းများအဆင့်မြှင့်တင်ရေးကိစ္စ၊ ပုံစံ(၇)ထုတ်ယူရာတွင် ကွင်းအမှတ်မှားယွင်းစွာထုတ်ယူခြင်းကိစ္စ၊ အထွက်တိုးစခန်းကိစ္စ၊ တိုက်နယ်ဆေးရုံခွင့်ပြုပေးရေးကိစ္စ၊ စားကျက်မြေပယ်ဖျက်ပေးရေးကိစ္စ၊ သဘာဝဘေးဒဏ်ခံ လယ်မြေယာအတွက် ထောက်ပံ့မှုပေးဆောင်သည့်ကိစ္စ စသည့်ကိစ္စရပ်များကို တင်ပြရာ ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး ပဲခူးခရိုင်အုပ်ချုပ်ရေးမှူးနှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့က မြေယာဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြွန်တန်ဆာမြို့ ဝဲဝန်းကျေးရွာအုပ်စု၊ ဘိုင်းဒါးကျေးရွာရှိ ပြန်လည်စွန့်လွှတ်မြေ(၇၀)ဧက၊ မုက္ခမူကျေးရွာအုပ်စု အမှိုက်စွန့်ပစ်ကန်ထားရှိရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ပြန်လည်စွန့်လွှတ်မြေ(၁၅)ဧကနေရာနှင့် မြို့ရှောင်လမ်းဖေါက်လုပ်ရန် ရာထားသည့်မြေနေရာများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။