Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကျေးလက်ဒေသ အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်း အမှတ်စဉ်(၃/၂၀၁၉) သင်တန်းဆင်းပွဲကျင်းပ

ကျေးလက်ဒေသ အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်း အမှတ်စဉ်(၃/၂၀၁၉) သင်တန်းဆင်းပွဲကျင်းပ

မတ် ၂၂ (ဘုရားကြီး)
=–==================

ပဲခူးမြို့နယ် ဘုရာကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်းတွင် မတ်လ(၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်က စက်မှုဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီးဖွင့်လှစ်ခဲ့သော ကျေးလက်ဒေသ အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်း အမှတ်စဉ်(၃/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမျိုးထိုက်တို့က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယထူးချွန်ဆုရရှိသူများနှင့် အဖွဲ့လိုက် ထူးချွန်ဆုရရှိသူများအား ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းလျှပ်စစ်အင်ဂျင်နီယာမှူးတို့က ဆုများချီးမြှင့်ပေးအပ်ပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမျိုးထိုက်က သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ မှတ်တမ်းဓာတ်ပုံရိုက်ကူးကြပြီး သင်တန်းသားများ၏လက်တွေ့လေ့ကျင့်ထားမှုများကို လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါသင်တန်းအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လူငယ်များ လျှပ်စစ်နှင့်ပတ်သက်သော အသိပညာများ၊ အတတ်ပညာများ ဖွံဖြိုးတိုးတက်လာစေရန်၊ လျှပ်စစ်အသုံးပြုစက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ၌ လုပ်ငန်းခွင်အတွင်း လျှစ်စစ်ဘေးအန္တရာယ်ကင်းရှင်းရန်၊ လျှပ်စစ်ကြောင့် ထိခိုက်ဆုံးရှုံးမှုမရှိစေဘဲ လုပ်ငန်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများတိုးတက်လာစေရန်၊ လျှပ်စစ်နှင့်ပတ်သက်၍ နေအိမ်၊ အဆောက်အဦများတွင် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းနိုင်မည့် မျိုးဆက်သစ် လျှပ်စစ်လုပ်သားများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ဖေဖော်ဝါရီလ(၂၅)ရက်နေ့မှ မတ်လ(၂၂)ရက်နေ့အထိ ဖွင့်လှစ်ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ သင်တန်းသား(၆၀)ဦးတက်ရောက်ကြောင်း သတင်းရရှိသည်။