Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီးအတွင်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ စနစ်တကျအသုံချနိုင်ရေး ဟောပြောပွဲ ကျင်းပပြုလုပ်

တိုင်းဒေသကြီးအတွင်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ စနစ်တကျအသုံချနိုင်ရေး ဟောပြောပွဲ ကျင်းပပြုလုပ်

ပဲခူး မတ် ၂၂
==================

ပဲခူးမြို့ မြို့တော်ခန်းမ၌ မတ်လ(၂၂)ရက်နေ့ နံနက်(၁၀)နာရီက ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် MCPA တို့ပူးပေါင်းကျင်းပသော e-Government အထောက်အကူပြု နည်းပညာဟောပြောပွဲသို့ ပဲခူးတိုင်းဝန်ကြီးချုပ်တက်ရောက်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းက “e-Government စနစ်ကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့ ICT လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရည်အသွေးပြည့်ဝတဲ့ ICT ကျွမ်းကျင်ဝန်ထမ်းများဟာ မဖြစ်မနေ လိုအပ်လာမှာဖြစ်ပါတယ်။ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့်အတိုင်း ဝန်ထမ်းများအဖက်ဖက်မှ အရည်အချင်းတိုးတက်လာမှသာ နိုင်ငံတော်အတွက်အားထားရသည့်  ဝန်ထမ်းကောင်းများ မွေးထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ၎င်းတို့ကိုယ်တိုင် Digital Awareness ပိုမိုအားကောင်းလာပြီး ICT Competency ပိုမိုတိုးတက်မှုကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ် e-Government လုပ်ငန်းများ အကောင်အထည်ဖော်ချိန်တွင်လည်း နိုင်ငံ့ဝန်ထမ်းများမှတဆင့် ဒေသခံပြည်သူများထံ ဆင့်ပွားအသိပေးနိုင်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ” အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကွန်ပျူ တာပညာရှင်အသင်း၏ အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းက ဟောပြောပွဲကျင်းပခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးကွန်ပျူတာပညာရှင် အသင်းဥက္ကဋ္ဌ ဦးကျော်စွာဦးက Power Point ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့်ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများက e-Government စနစ်အသုံးချနိုင်ရေးနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာ ကဏ္ဏအသီးသီးမှ တာဝန်ရှိသူများကပြန်လည်ဖြေကြားပေးသည်။
e-Government စနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် ဌာနဆိုင်ရာ ရုံးလုပ်ငန်း လုံခြုံမြန်ဆန်ချောမွေ့ခြင်း၊ အဂတိတရားကင်းရှင်းခြင်း၊ ဌာနဆိုင်ရာများ၏ ဝန်ဆောင်မှုများ အလွယ်တကူသိရှိနိုင်ခြင်း၊ ဌာနဆိုင်ရာနှင့် ပြည်သူ အလွယ်တကူချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း၊ စာရေးကိရိယာနှင့် အခြားရုံးအသုံးအဆောင်စရိတ်များ လျော့ချနိုင်ခြင်းစသည့် အကျိူးကျေးဇူးများ ရရှိခံစားနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။