Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၁၃၈၁ ခုနှစ် တန်ခူးလပြည့်နေ့တွင် ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးပေါ်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

၁၃၈၁ ခုနှစ် တန်ခူးလပြည့်နေ့တွင် ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးပေါ်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ပဲခူး ဧပြီ ၁၉

=================

ဧပြီလ(၁၉)ရက်နေ့ မွန်းလွဲ(၃)နာရီက ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးပေါ်၌ မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ် တန်ခူးလပြည့်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ သံဃာအပါး(၅၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ဝန်ကြီးချုပ် အမှူးပြုသော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဝတ်အသင်းများ၊ အလှူရှင်များမှ ဆွမ်းဆန်တော်၊ အလှူငွေများနှင့် သံဃာအသုံးအဆောင်ပစ္စည်း လောင်းလှူပူဇော်ကြကြောင်း သတင်းရရှိသည်။
ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ နှစ်စဉ်နှစ်တိုင်း တန်ခူးလဆန်း(၁၀)ရက်မှစ၍ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို (၁၀)ရက်ကျင်းပပြုလုပ်ခြင်းဖြစ်ရာ (၂၆၀၁)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။