Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်ထောင်စု ထာဝရ ငြိမ်းချမ်းရေးစေတီတော်၏ တည်ဆောက်ရေး ဦးဆောင်ဆရာတော် အရှင်စန္ဒာဓိက တရားသဘင်သို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်တရားတော်နာယူခြင်းနှင့် အလှူငွေလှူဒါန်းခြင်း

ပြည်ထောင်စု ထာဝရ ငြိမ်းချမ်းရေးစေတီတော်၏ တည်ဆောက်ရေး ဦးဆောင်ဆရာတော် အရှင်စန္ဒာဓိက တရားသဘင်သို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်တရားတော်နာယူခြင်းနှင့် အလှူငွေလှူဒါန်းခြင်း

မေ ၁၃ (တောင်ငူ)
===========================

တောင်ငူမြို့၊ သာသနာဟိတကာရီဗိမာန်တော်ကြီး၌ မေလ (၁၃)ရက်နေ့၊ ည(၈)နာရီအချိန်က ပြည်ထောင်စု ထာဝရ ငြိမ်းချမ်းရေးစေတီတော်၏ တည်ဆောက်ရေး ဦးဆောင်ဆရာတော် အရှင်စန္ဒာဓိက (ရွှေပါရမီတောရ)၏ “ထာဝရငြိမ်းချမ်းရေးဓမ္မသဘင်”သို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်၍ တရားတော်နာယူခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်းရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းအမှူးပြုသော ဧည့်ပရိတ်သတ်များက ပြည်ထောင်စု ထာဝရ ငြိမ်းချမ်းရေးစေတီတော်၏ တည်ဆောက်ရေး ဦးဆောင်ဆရာတော် အရှင်စန္ဒာဓိက (ရွှေပါရမီတောရ)၏ “မေတ္တာလွှမ်းမှငြိမ်းချမ််းမယ်” တရားတော်အား နာယူခဲ့ကြသည်။
ထို့နောက်  ပြည်ထောင်စု ထာဝရ ငြိမ်းချမ်းရေးစေတီတော်၏ တည်ဆောက်ရေး ဦးဆောင်ဆရာတော် အရှင်စန္ဒာဓိက (ရွှေပါရမီတောရ)၏ ကပ္ပိယထံသို့ ဓမ္မပူဇာ အလှူတော်ငွေ (၉၄၇၃၀၀ဝိ/-)၊ ရွှေထည်ပစ္စည်း(၄)မျိုး တန်ဖိုးငွေ(၄၀၀၀၀ဝိ/-)ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အလှူငွေ(၅)သိန်းအား ဆက်ကပ်လှူဒါန်းခဲ့ရာ၊ လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရား ချီးမြှင့်ဟောကြားခဲ့ပြီးနောက် “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ တရားပွဲအခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။
ပြည်ထောင်စု ထာဝရ ငြိမ်းချမ်းရေးစေတီတော်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် စကျင်ကျောက် ဆင်းတုတော်နှစ်ဆူသည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကုန်းတော်တွင် တည်ထားကိုးကွယ်ပြီး မေလ(၁၃)ရက်နေ့၊ နံနက်(၆:၃၀)အချိန်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ကြွချီတော်မူပြီး လွိုင်ကော်- အောင်ပန်း-ပျော်ဘွယ်-နေပြည်တော်မှတစ်ဆင့် တောင်ငူမြို့သို့ ည(၈:၄၀)နာရီအချိန်တွင် ရောက်ရှိအပူခံခဲ့ရာ၊ မေလ (၁၄)ရက်နေ့၊ နံနက် (၈:၃၀)အချိန်တွင် ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ဆက်လက်ကြွချီတော်မူမည်ဖြစ်ပြီး တပ်ကုန်းမြို့တွင် ညအိပ်ကိန်းဝပ် စံပါယ်တော်မူမည်ဖြစ်ကြောင်း သတင်းရရှိသည်။