Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့ ၂၀၁၉ခုနှစ် သုတစုံလင်ဉာဏ်ကြီးရှင် ပြိုင်ပွဲကြီး နောက်ဆုံးအဆင့် ပြိုင်ပွဲအခမ်းအနားကျင်းပ

ပဲခူးမြို့ ၂၀၁၉ခုနှစ် သုတစုံလင်ဉာဏ်ကြီးရှင် ပြိုင်ပွဲကြီး နောက်ဆုံးအဆင့် ပြိုင်ပွဲအခမ်းအနားကျင်းပ

ပဲခူး မေ ၁၄

===================

မေလ (၁၄)ရက်နေ့ နံနက်(၈)နာရီက ပဲခူးမြို့ သန္တိသုခဗုဒ္ဓဝေယျာဝစ္စနှင့် သာသနာပြုအသက်းကြီးမှ ဦးစီးကျင်းပသော ၂၀၁၉ သုတစုံလင်ဉာဏ်ကြီးရှင်ပြိုင်ပွဲကြီးကို ပဲခူးမြို့မြို့ တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သုတစုံလင်ဉာဏ်ကြီးရှင်ပြိုင်ပွဲကြီး ၂၀၁၉ ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက  တို့ကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းကလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်ကလည်းကောင်း၊ သိန္တိသုခအသင်းကြီး၏ နာယကဆရာတော် အရှင်ပါကဠာလင်္ကာရ၊ ပဲခူးမြို့ သန္တိသုခဗုဒ္ဓဝေယျာဝစ္စနှင့် သာသနာပြုအသင်းကြီး၏ နာယက ဒေါ်လှကြည်ကလည်းကောင်း၊ ပြိုင်ပွဲကျင်းပရေးအတွင်းရေးမှူး ဦးမင်းဟိဏ်းဇော်ကလည်းကောင်း အမှာစကားများ အသီးသီးပြောကြားကြသည်။
ထို့နောက် ဆရာတော်များအား လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့်အစိုးရအဖွဲ့ဝန်ကြီးများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းပေးကြပြီးနောက် အထက(၃)မှ ကျောင်းသား/ကျောင်းသူလေးများက ထာဝရသစ္စာသီချင်းဖြင့်လည်းကောင်း၊ မြို့တွင်းအနောက်(ခ) အလက(ခွဲ)ကျောင်းမှ သမီးငယ်လေးများက လက်ပံပွင့်ကောက် သီချင်းဖြင့်လည်းကောင်း ဖျော်ဖြေကြပြီးနောက် ပထမအသုတ်အနေဖြင့် ကျောင်းသားကျောင်းသူ အယောက်(၂၀)က ပြိုင်ပွဲဝင်ကြသည်။
အဆိုပါပြိုင်ပွဲကြီးကို ဘာသာရပ်(၅)မျိုးဖြစ်သော ဗုဒ္ဓဘာသာဆိုင်ရာအသိပညာများ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ အထွေထွေဗဟုသုတများ၊ ငြိမ်းချမ်းရေး၊ English 4skills တို့ဖြေကြားရမှာဖြစ်ပြီး မေလ(၁၄)ရက်နေ့မှ (၁၇)ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး ဆုများမှာ ပထမဆုကျပ်(၁၀)သိန်း၊ ဒုတိယဆုကျပ်(၇)သိန်း၊ တတိယဆုကျပ်(၅)သိန်း၊ Talentဆုကျပ်(၂)သိန်း၊ နှစ်သိမ့်ဆုကျပ်(၁)သိန်း (၇)ဆုတို့ အသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး သုတစုံလင်ဉာဏ်ကြီးရှင်ပြိုင်ပွဲကို ပဲခူးမြို့တွင် ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယနေ့ ပထမအသုတ်ဖြေဆိုသော(၂၀)တွင် (၂)ဦး လာရောက်ဖြေဆိုနိုင်ခြင်းမရှိကြောင်း သိရသည်။
သုတစုံလင်ညဏ်ကြီးရှင်ပြိုင်ပွဲကြီးကို ကလေးငယ်များ ပညာရေပြည့်ဝစေရန်နှင့် လိမ္မာရေးခြားရှိစေရန်၊ နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုမှတဆင့် အခြားပညာရပ်များအား လွယ်လင့်တကူ လေ့လာဆည်းပူးနိုင်စေရန်၊ အနာဂတ်တွင် စည်းကမ်းပြည့်ဝသော နိုင်ငံ့သားကောင်းရတနာများဖြစ်လာစေရန်၊ ငြိမ်းချမ်းရေး၏ အခြေခံသဘောတရားများကို သိရှိနားလည်ပြီး ငြိမ်းချမ်းရေးကိုအလေးထား တန်ဖိုးထားဖော်ဆောင်တတ်သူများ ဖြစ်လာစေရန်၊ ဗဟုသုတပြည့်စုံပြီး တွေးခေါ်မျှော်မြင်တတ်သော အနာဂတ်တိုင်းပြည်အကျိုးပြု နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး “လူငယ်များဟာနိုင်ငံတော်၏ အနာဂတ်ဖြစ်ကြောင်း ကျောင်းသူကျောင်းသားများအနေဖြင့် မိမိကျောင်းမြို့နယ်၏ ဂုဏ်သိက္ခာကို မြှင့်တင်သောအားဖြင့် ကာယာဗလ ဉာဏဗလ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ကြိုးစားအားထုတ်ခြင်းများဖြင့် အစွမ်းကုန်ကြိုးစား အားထုတ်ကြရန်၊ သင်ကြားပေးသော ဘာသာရပ်များကို စနစ်တကျလေ့လာသင်ကြားပြီး ကြိုးစားဖြေဆိုနိုင်ကြရန်၊ “ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က လမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။