Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရေတာရှည်မြို့နယ်၊ လှည်းလမ်းကူးကျေးရွာနှင့် သမဆည်ကျေးရွာတို့မှ ရွှေ့ပြောင်းမည့်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပပြုလုပ်

ရေတာရှည်မြို့နယ်၊ လှည်းလမ်းကူးကျေးရွာနှင့် သမဆည်ကျေးရွာတို့မှ ရွှေ့ပြောင်းမည့်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပပြုလုပ်

မေ ၁၅ (ရေတာရှည်)
========================

မေလ (၁၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်က ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာသစ်၊ ရှင်းလင်းဆောင်၌ လှည်းလမ်းကူးကျေးရွာနှင့် သမဆည်ကျေးရွာတို့မှ ရွှေ့ပြောင်းမည့်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦ:စွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျွန်းတောစုကျေးရွာသစ် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အဘက်ဘက်မှ ပံ့ပိုးကူညီခဲ့သော နိုင်ငံတော်အစိုးရ၊ ပြင်ပအလှူရှင်အဖွဲ့အစည်းအသီးသီးကို ကျေးဇူးတင်ရှိကြောင်း၊ ယခုအခါ ကျွန်းတောစု ကျေးရွာသစ် ဖြစ်ပေါ်လာပြီဖြစ်၍ မိမိတို့အစိုးအပိုင်းမှ ဖြည့်ဆည်းပေးသင့်သည်များကို ပြုလုပ်ဆောင်ရွက်ပေးခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာနမှလည်း ပြောင်းရွှေ့စရိတ်များ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးရွာသူ/သားများအနေဖြင့်လည်း မိမိတို့၏ ကျေးရွာရှိ အဆောက်အဦများကို ထိန်းသိန်းစောင့်ရှောက်ရန် တာဝန်ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က ပြောင်းရွှေ့စရိတ် ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် လှည်းလမ်းကူးကျေးရွာနှင့် သမဆည်ကျေးရွာတို့မှ ကျွန်းတောစုကျေးရွာသစ်သို့ ပြောင်းရွှေ့မည့် အိမ်ထောင်စုများအတွက် (၁)အိမ်ထောင်လျှင် ကျပ်(၁)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ရာ၊ ကျေးရွာသူ/သားများကိုယ်စား ကျေးရွာသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ရခြင်းသည် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပေါက်မှုဖြစ်စဉ်ကြောင့် ပျက်စီးသွားခဲ့သော လှည်းလမ်းကူးကျေးရွာနှင့် သမဆည်ကျေးရွာတို့မှ နေအိမ်(၁၆၇)လုံးအတွက် အမှန်တကယ် ရွာသစ်သို့ ပြောင်းရွှေ့သူများကိုသာ ထောက်ပံ့ငွေ ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။