Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ဆွာရေဘေးကြောင့် ပြောင်းရွှေ့မည့်လူများ နေထိုင်ရန် အိမ်ယာဆောက်လုပ်မှုနေအား ကြည့်ရှုစစ်ဆေး

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဆွာရေဘေးကြောင့် ပြောင်းရွှေ့မည့်လူများ နေထိုင်ရန် အိမ်ယာဆောက်လုပ်မှုနေအား ကြည့်ရှုစစ်ဆေး

မေ ၁၅ (ရေတာရှည်)

=====================

မေလ (၁၅)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ကျွန်းတောစုကျေးရွာ(ရွာဟောင်း)၊ လှည်းလမ်းကူးကျေးရွာနှင့် သမဆည်ကျေးရွာတို့မှ အိမ်ထောင်စုများ အတွက် ပြောင်းရွှေ့မည့်လူများ နေထိုင်ရန် အိမ်ယာဆောက်လုပ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့သို့ စစ်ဆေးရာတွင် ဝန်ကြီးချုပ်က မိုးရာသီမရောက်မီ ပြည်သူများ အမိုးအကာအောင် အမြန်ဆုံးရောက်ရှိစေရေး၊ ဌာနဆိုင်ရာများအနေဖြင့်လည်း လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်တွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အတူ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်တို့ လိုက်ပါသွားခဲ့ကြောင်း သတင်းရရှိသည်။