Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အမျိုးသားပြတိုက်(နေပြည်တော်)တွင် ခင်းကျင်းပြသထားသော မြန်မာ့ရှေးဟောင်းရွှေထည်ပစ္စည်းများအထူးပြပွဲသို့ သွားရောက်လေ့လာ

အမျိုးသားပြတိုက်(နေပြည်တော်)တွင် ခင်းကျင်းပြသထားသော မြန်မာ့ရှေးဟောင်းရွှေထည်ပစ္စည်းများအထူးပြပွဲသို့ သွားရောက်လေ့လာ

မေ ၁၇ (ပဲခူး)
================

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားမြတ်နိုး ကာကွယ်စောင့်ရှောက်လာစေရန်ရည်ရွယ်၍ မေလ(၁၇)ရက်နေ့ နံနက်(၇)နာရီအချိန်က ပဲခူးမြို့ရှိ အဖွဲ့ပေါင်းစုံပါဝင်သော လေ့လာရေးအဖွဲ့များသည် အမျိုးသားပြတိုက်(နေပြည်တော်)တွင် ခင်းကျင်းပြသထားသော မြန်မာ့ရှေးဟောင်း ရွှေထည်ပစ္စည်းများ အထူးပြပွဲသို့ သွားရောက်လေ့လာကြသည်။
“ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တန်ဖိုးတွေကိုနားလည်လာစေရန်၊ မြတ်နိုးကာကွယ်ထိန်းသိမ်းနိုင်စေရန်နှင့် ပြခန်းတွင်ပုံမှန်ပြသထားသော ပစ္စည်းများ၊ ယခုအထူးပြသထားသည့် ရွှေထည်ပစ္စည်းများကို မြင်တွေ့ရသည့်အခါ ရှေးခေတ်ဘိုးဘွားများ၏ အနုပညာတတ်ကျွမ်းမှု၊ နိုင်ငံ၏ချမ်းသာကြွယ်မှု၊ သမိုင်းကြောင်းနှင့်မနုဿ ဗေဒများမည်မျှကြီးမားကြောင်းကိုလေ့လာသိရှိနိုင်စေရန်အတွက် ရပ်မိရပ်ဖများနှင့်ပူးပေါင်းကာ ပထမဦးဆုံးအကြိမ် စုပေါင်းသွားရောက်ခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပဲခူးဌာနခွဲ) ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းကပြောကြားသည်။
အဆိုပါလေ့လာရေးအစီအစဉ်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲလမ်းညွှန်မှု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပဲခူးဌာနခွဲ)နှင့် ရပ်မိရပ်ဖများ၏ပံ့ပိုးကူညီမှုဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ပရဟိတအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပအိုဝ့်၊ ရှမ်း၊ ကရင်၊ မွန်တိုင်းရင်းသားကိုယ်စားလှယ်များ စုစုပေါင်းအင်အား(၉၀)ဦးတို့ပါဝင်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပဲခူးဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးနီလာဦးဆောင်ပြီး မော်တော်ယာဉ်များဖြင့် ပဲခူးမြို့မှထွက်ခွာကာ နေပြည်တော်သို့ နေ့ချင်းပြန်သွားရောက် လေ့လာခြင်းဖြစ်ကြောင်း သတင်းရရှိသည်။