Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် ၂၀၁၉ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

ပဲခူးမြို့တွင် ၂၀၁၉ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

ဇွန် ၅ (ပဲခူး)
=================

ပဲခူးမြို့ မြို့တော်ခန်းမတွင် ဇွန်လ(၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ၂၀၁၉ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက လူသားများအားလုံးမှီတင်းနေထိုင်ကြသည့် ကမ္ဘာကြီးရေရှည်စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်စေဖို့၊ ပစ္စုပ္ပန်နဲ့အနာဂတ်မျိုးဆက်သစ်တွေအတွက် ကောင်းမွန်ပြီးသန့်ရှင်းသာယာလှပသည့် ပတ်ဝန်းကျင်ကိုလက်ဆင့်ကမ်းပေးနိုင်ဖို့၊ လေထုညစ်ညမ်းမှုကိုလျော့ချဖို့၊ သန့်စင်သောလောင်စာသုံးစွဲဖို့၊ အစိမ်းရောင်နည်းပညာများ ပိုမိုကျယ်ပြန့်စွာသုံးစွဲဖို့နဲ့ အခြားနည်းလမ်းများရှာဖွေဖော်ထုတ်ဖို့တို့ကို အစိုးရအဖွဲ့အစည်းတွေ၊ စက်မှုလုပ်ငန်းရှင်တွေ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေအတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ “သန့်စင်သောလေ ရှူ ရှိုက်ဖို့ လေထုညစ်ညမ်းမှုကိုတိုက်ဖျက်စို့” ဆောင်ပုဒ်နှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအား ပြည်သူလူထုအားလုံး အသိစိတ်ဓာတ်ရှိရှိဖြင့် တက်တက်ကြွကြွကြိုးပမ်းဆောင်ရွက်သွားရန် အမှာစကားပြောကြားသည်။
ထို့နောက်ကုလသမဂ္ဂအတွင်းရေးမှူ းချုပ်ထံမှ ပေးပို့သည့်သဝဏ်လွှာကို သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းကဖတ်ကြားပြီး ထုတ်ပြန်ပြီးသည့် မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ ဗဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်မှချမှတ်ထုတ်ပြန်ပြီးဖြစ်ပါကြောင်း အသိပေးကြေငြာခြင်းကို ကဆောင်ရွက်သည်။
ယင်းနောက် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ထုတ်ပြန်ပြီးသည့် မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ ဗဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်စာအုပ်များကို ဝန်ကြီးချုပ်ထံပေးအပ်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဗွီဒီယိုအားပြသသည်။
ဆက်လက်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသောအထက်တန်းအဆင့် ကျောင်းသား/သူများအားဝန်ကြီးချုပ်ဦးဝင်းသိန်းကလည်းကောင်း၊ အလယ်တန်းအဆင့်ကျောင်းသား/သူများအား သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး အထိမ်းအမှတ်ပြခန်းအားလှည့်လည်ကြည့်ရှုကြသည်။
၂၀၁၉ခုနှစ် ဇွန်လ(၅)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ သတ်မှတ်ထားသည့်ဆောင်ပုဒ်သည် “သန့်စင်သောလေ ရှူ ရှိုက်ဖို့ လေထုညစ်ညမ်းမှုကိုတ်ုက်ဖျက်စို့” ဖြစ်ပြီး ဆောင်ပုဒ်၏အဓိကရည်ရွယ်ချက်သည် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့် ကမ္ဘာတစ်ဝန်းလုံးမှာ လေထုညစ်ညမ်းမှုဆိုးကျိုးများကြောင့် သက်ရှိသတ္တဝါများရဲ့ကျန်းမာရေးပြဿ နာတွေ ရင်ဆိုင်ရသည့်အပြင် မှန်လုံအိမ်ဓာတ်ငွေ့တွေ တိုးပွားလာပြီး ကမ္ဘာကြီးပူနွေးမှုဖြစ်ရာ အိုဇုန်းလွှာထိခိုက်ပျက်စီးမှုနဲ့ ရာသီဥတုပြောင်းလဲမှုများကြုံတွေ့နေရသည့်အတွက် လေထုညစ်ညမ်းမှုကိုလျော့ချနိုင်စေဖို့ သတိပြုကြရမှာဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူ းနှင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူ းနှင့် ဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ ပဲခူးသားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ တက်ရောက်ကြကြောင်းသတင်းရရှိသည်။