Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / e-Government System နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

e-Government System နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ဇွန် ၇ (ပဲခူး)
============================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီး၏ ရုံးခန်း၌ ဇွန်လ (၇)ရက်နေ့၊ မွန်းလွဲ(၃:၃၀) အချိန်က e-Government System နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ် ကျင်းပပြုလုပ်သည်။
ရှေးဦ:စွာ ဝန်ကြီး ဒေါက်တာစောညိုဝင်းက e-Government System နှင့်ပတ်သက်၍ နိုင်ငံတော်အဆင့်၌ ဆောင်ရွက်နေသည့် ပုံစံ၊ Data Server သုံးစွဲရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များအား ပြောကြားခဲ့သည်။
ထို့နောက် Host Myanmar Co., Ltd. Managing ဦးကျော်စွာသန့်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် e-Government စနစ်၏ အခြေခံဖြစ်သော e-Office စနစ် ဆောင်ရွက်ပြီးစီးမှုနှင့် ထပ်မံ၍ အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၄)ခုတို့အား VPN (Virtual Private Network) ချိတ်ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်က e-Office စနစ်အား ရုံးဝန်ထမ်းများ စတင်သုံးစွဲမည့် အခြေအနေများ၊ ပြည်သူများအား အသိပညာပေးခြင်း Bill-Board တပ်ဆင်ထားရှိမည့် အခြေအနေများ ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေက တိုင်းဒေသကြီးအတွင်း ကွန်ပျူတာ ကျွမ်းကျင်မှုအဆင့်အလိုက် တောင်ငူနှင့်ပြည်ကွန်ပျူတာတက္ကသိုလ်များတွင် ထပ်မံသင်ကြားပေးသွားမည့် အစီအစဉ်များကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြရာ ဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အခမ်းအနားသို့ ဝန်ကြီး၊ အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။