Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သဘာဝပါတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး သစ်ပင်များစိုက်ပျိုးပေး

သဘာဝပါတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး သစ်ပင်များစိုက်ပျိုးပေး

ရေတာရှည် ဇွန် ၈

===================

ဇွန်လ(၈)ရက်နေ့ နံနက်(၇:၃၀)အချိန်က ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာ အလက(ခွဲ)ကျောင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း သစ်ပင်များ စိုက်ပျိုးပေးကြောင်း သတင်းရရှိသည်။
အဆိုပါကျောင်း၌ ကျွန်း၊ ပျဉ်းကတိုး၊ သပြေ၊ စိန်ပန်း၊ သရက်၊ ငှက်ပျော အစရှိသောသစ်ပင် ပျိုးပင်ပေါင်းများစွာ ပါဝင်သော အပင်(၁၉၆၀)ပင်အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးများရေးရာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ကျောင်းသားကျောင်းသူနှင့် ဒေသခံပြည်သူများ (၃၀၀)ဦးခန့် တက်ရောက်စိုက်ပျိုးကြကြောင်း သိရသည်။