Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ (၂၀၈၆၈)ဦးအောင်မြင် ဂုဏ်ထူး(၃၀၀၀)ဦးရရှိ

၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ (၂၀၈၆၈)ဦးအောင်မြင် ဂုဏ်ထူး(၃၀၀၀)ဦးရရှိ

ဇွန် ၈ (ပဲခူး)
=======================

ဇွန်လ(၈)ရက်နေ့ နံနက်ပိုင်းအချိန်က မြန်မာနိုင်ငံတစ်ဝန်း၌ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများထွက်ရှိရာ ပဲခူးတိုင်းဒေသကြီးမှ(၂၀၈၆၈)ဦးအောင်မြင် ဂုဏ်ထူး(၃၀၀၀)ဦးရရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိစာဖြေဌာနများနှင့် မြို့နယ်ပညာရေးမှူ းရုံးများတွင် ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကပ်ထားပေးရာ ကျောင်းသား/သူများနှင့်မိဘဆွေမျိုးညီအကိုမောင်နှမများက လာရောက်ကြည့်ရှုပေးကြသည်။
၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးရှိ စာဖြေဌာန(၁၆၁)ခုတို့တွင် ကျောင်းသား/သူ(၇၅၂၂၆)ဦး ဝင်ရောက်ဖြေဆိုရာ (၂၀၈၆၈)ဦး အောင်မြင်မှုရရှိသည်။ အောင်မြင်သူများအနက်မှ (၆)ဘာသာဂုဏ်ထူး(၃)ဦး၊ (၅)ဘာသာဂုဏ်ထူး(၂၁)ဦး၊ (၄)ဘာသာဂုဏ်ထူး(၅၂)ဦး၊ (၃)ဘာသာဂုဏ်ထူး(၁၃၆)ဦး၊ (၂)ဘာသာဂုဏ်ထူး(၃၂၄)ဦး၊ (၁)ဘာသာဂုဏ်ထူး(၂၄၆၄)ဦး၊ စုစုပေါင်းဂုဏ်ထူးရရှိသူ (၃၀၀၀)ဦး ရှိကြောင်းသိရသည်။
ထို့အတူ ပဲခူးမြို့နယ်တစ်ခုလုံးအနေဖြင့် ကျောင်းသား/သူ(၈၀၄၀)ဦးဝင်ရောက်ဖြေဆိုရာ (၂၆၆၉)ဦးအောင်မြင်ပြီး ရာခိုင်နှုန်းအားဖြင့်(၃၃.၂၀)% အောင်မြင်မှုရရှိသည်။ အောင်မြင်သူများအနက်မှ (၅)ဘာသာဂုဏ်ထူး(၅)ဦး၊ (၄)ဘာသာဂုဏ်ထူး(၁၃)ဦး၊ (၃)ဘာသာဂုဏ်ထူး(၂၈)ဦး၊ (၂)ဘာသာဂုဏ်ထူး(၅၅)ဦး၊ (၁)ဘာသာဂုဏ်ထူး(၃၀၆)ဦး၊ စုစုပေါင်းဂုဏ်ထူးရရှိသူ(၄၀၇)ဦးရှိကြောင်းသိရသည်။