Home / ကျောက်ကြီးမြို့နယ် / ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျောက်ကြီးမြို့နယ်၊ မုန်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျောက်ကြီးမြို့နယ်၊ မုန်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဇွန် ၁၅ (ကျောက်ကြီး)
——————————————

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၁၅)ရက်နေ့ မွန်းလွဲ(၃:၃၀)နာရီအချိန်က  တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းကျေးရွာခန်းမသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေဒေသ အေးချမ်းမှသာ ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့် လူမျိုးမတူ၊ ဘာသာမတူသော်လည်း အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဒီမိုကရေစီ အခြေခံကောင်းများ ပေါ်ထွန်းလာရန် အရေးကြီးကြောင်း၊ ဒီမိုကေရေစီ၏ အခြေခံသဘောတရားသည် လူတစ်ဦးချင်းစီတွင် စစ်မှန်သော ကိုယ်ချင်းစာတရား နုလုံးသား၌ ပြည့်ဝစွာ ကိန်းဝပ်နေေစခြင်းသာဖြစ်ကြောင်း၊ ပြဿနာတစ်ရပ်ရပ်ကို ဖြေရှင်းရာတွင်လည်း အတ္တကိုအခြေမခံဘဲ ကိုယ်ချင်းစာတရား၊ မေတ္တာတရားလက်ကိုင်ပြုပြီး ဖြေရှင်းရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက သိမ်းဆည်းလယ်ယာမြေကိစ္စရပ်များ၊ ကျေးလက်မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်း/တံတား စသည့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား အသီးသီးတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်မှ ဌာနဆိုင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။