Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြို့ဦးကင်းတံတားတည်ဆောက်နေမှုအား ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့မှ သွားရောက်ကြည့်ရှုစစ်ဆေး

မြို့ဦးကင်းတံတားတည်ဆောက်နေမှုအား ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့မှ သွားရောက်ကြည့်ရှုစစ်ဆေး

ဇူလိုင် ၆ (ပဲခူး)
====================

ဇူလိုင်လ (၆)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်က ပဲခူးမြို့၊ ပဲခူးမြစ်ကူးတံတားသစ်ဖြစ်သော မြို့ဦးကင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင့်သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဟန်ဇော်နှင့် ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ မြို့ဦးကင်းတံတား တည်ဆောက်ရေးရှင်းလင်းဆောင်၌ တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးနှင့် ညွှန်ကြားရေးမှူး ဦးဇော်ထွန်း(မြို့ပြ)တို့က ပဲခူးမြစ်ကူးတံတား မြို့ဦးကင်းတံတား တည်ဆောက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့မှ လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)တံတားသည် (၅၁၈.၄)ပေ ရှည်လျားပြီး (၂၈)ပေအကျယ် (၂)လမ်း၊ လူသွားလမ်း တစ်ဖက်လျှင်(၆)ပေအကျယ်၊ ဘိုးပိုင်အုတ်မြစ်ဖြစ်ပြီး သံကူကွန်ကရစ်တံတားတစ်စင်းဖြစ်၍ ယင်းတံတားတည်ဆောက်ပြီးစီးပါက ပဲခူးမြို့၏ အရှေ့ဘက်မြို့ရှောင်လမ်း ပေါ်ထွက်လာကာ မြို့အတွင်း ယာဉ်ကြောကြပ်တည်းမှု လျော့နည်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မြို့ဦးကင်းတံတားသည် စိန်သာလျောင်းလမ်းနှင့် သမိန်ဗရမ်းလမ်းအား ပဲခူးမြို့ကိုဖြတ်၍ ဆက်သွယ်ပေးမည့် တံတားတစ်ခုဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေး ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၇၅၇.၇၉)ဖြင့် တည်ဆောက်လျက်ရှိပြီး စီမံကိန်းတန်ဖိုးမှာ စုစုပေါင်းကျပ်သန်း(၃၂၀၀)ဖြစ်ပြီး တံတားတည်ဆောက်မှု (၄၇)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးကြောင်း သိရှိရသည်။