Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၂)နှစ်ပြည့် အာဇာနည်နေ့ လွမ်းသူပန်းခွေချခြင်းနှင့် အလေးပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၂)နှစ်ပြည့် အာဇာနည်နေ့ လွမ်းသူပန်းခွေချခြင်းနှင့် အလေးပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်

ဇူလိုင် ၁၉ (ပဲခူး)
==================

ပဲခူးမြို့၊ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်၌ ဇူလိုင်လ(၁၉)ရက်နေ့၊ နံနက်(၇:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၂)နှစ်ပြည့် အာဇာနည်နေ့ လွမ်းသူပန်းခွေချခြင်းနှင့် အလေးပြုခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေတို့မှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဦးမောင်မောင်ရွှေနှင့် ဥပဒေချုပ် ဦးအုန်းမြင့်တို့က အာဇာနည်ပုဂ္ဂိုလ်ကြီး ဦးဘဝင်းအားလည်းကောင်း၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ ပဲခူးမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးညွန့်ရွှေနှင့် ဦးကျော်မင်းစံတို့မှ အာဇာနည်ပုဂ္ဂိုလ်ကြီး မန်းဘခိုင်အားလည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေနှင့် စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းတို့က အာဇာနည်ပုဂ္ဂိုလ်ကြီး စပ်စံထွန်းအားလည်းကောင်း၊ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးတို့က အာဇာနည်ပုဂ္ဂိုလ်ကြီး ဦးရာဇာတ်အားလည်းကောင်း၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းနှင့် ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးတို့က အာဇာနည်ပုဂ္ဂိုလ်ကြီး ဒီးဒုတ်ဦးဘချိုအားလည်းကောင်း၊ စာရင်းစစ်ချုပ် ဒေါ်သန်းသန်းဝင်းနှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်လွင်လွင်အေးကျော်တို့မှ အာဇာနည်ပုဂ္ဂိုလ်ကြီး သခင်မြအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများဖြစ်သည့် ဦးတင်ဟုန်နှင့် ဦးမောင်မောင်အေးတို့က အာဇာနည်ပုဂ္ဂိုလ်ကြီး ဦးအုန်းမောင်အားလည်းကောင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မြင့်ဦးနှင့် တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးစိုးစိုးတို့က အာဇာနည်ပုဂ္ဂိုလ်ကြီး ရဲဘော်ကိုထွေးအားလည်းကောင်း အသီးသီး လွမ်းသူ့ပန်းခွေချကြပြီး၊ အခမ်းအနားသို့ တက်ရောက်လာသူအားလုံးနှင့်အတူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်အလေးပြုခဲ့ကာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူများအားရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။
ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ယနေ့ ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် (၇၂)နှစ်ပြည့်ပြီဖြစ်သည်။ ဗိုလ်ချုပ်နှင့်အာဇာနည်ခေါင်းဆောင်ကြီးများ အသက်စွန့်ပြီးရယူခဲ့သော လွတ်လပ်ရေးကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းသွားရန်သည် ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်လျှက်ရှိကြသော နိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်သည်။ ထိုလွတ်လပ်ရေးကို ထာဝစဉ်ထိန်းသိမ်းသွားနိုင်ရန်သည် တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်မှုရှိနေရန် လိုအပ်ကြောင်းသိရသည်။