Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ (၇၂)နှစ်ပြည့်အာဇာနည်နေ့ အာရုံဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ (၇၂)နှစ်ပြည့်အာဇာနည်နေ့ အာရုံဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

ဇူလိုင် ၁၉ (ပဲခူး)
==================

ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ဇူလိုင်လ(၁၉)ရက်နေ့ နံနက် (၅:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ (၇၂)နှစ်ပြည့် အာဇာနည်နေ့တွင် သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယကဆရာတော်၊ နိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂန္ဓမာထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များမှ မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။
ထို့နောက် ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ဝန်ကြီးများက ဆရာတော်ကြီး(၉)ပါးအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်စူး၍ မေတ္တာပို့သကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေးကာ ဆရာတော်ကြီးများအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သတင်းရရှိသည်။