Home / ညောင်လေးပင်မြို့နယ် / မြစ်ရေကြီးမှု သတင်းထုတ်ပြန်ချက်

မြစ်ရေကြီးမှု သတင်းထုတ်ပြန်ချက်

သြဂုတ် ၅ (ပဲခူး)
=====================

1
သြဂုတ်လ(၅)ရက်နေ့၊ (၁၆:၃၀)အချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် ညောင်လေးပင်မြို့နယ် မဒေါက်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေအမှတ် အထက်တွင်လည်းကောင်း ရောက်ရှိနေပါသဖြင့် မဒေါက်မြို့နှင့် ရွှေကျင်မြို့နယ်တို့ရှိ မြစ်နံဘေးနှင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်/ ကျေးရွာများ အထူးသတိပြု နေထိုင်ကြရန် လေးစားစွာဖြင့် သတိပေးနှိုးဆော်အပ်ပါသည်။