အသိပေးကြေငြာခြင်း

သြဂုတ် ၆ (ပဲခူး)
======================

မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကူးလူးသွားလာ ဆက်သွယ်ဆောင်ရွက်ရန်ရှိသဖြင့် အခြားနိုင်ငံများနှင့် ရင်ဘောင်တန်း အသုံးပြုနိုင်မည့် နည်းပညာဆိုင်ရာ အဆင့်မြှင့်ထားသော Smart Card ယာဉ်မောင်းလိုင်စင်များအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ (၁-၇-၂၀၁၉)ရက်နေ့မှစ၍ ပြောင်းလဲထုတ်ပေးလျက်ရှိရာ ပြောင်းလဲထုတ်ပေးသည့် Smart Card တန်ဖိုးအား ထပ်မံပေးသွင်းရန် မလိုအပ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။