Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ရွှေကျင်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူးများသို့ သွားရောက်ကူညီထောက်ပံ့

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရွှေကျင်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူးများသို့ သွားရောက်ကူညီထောက်ပံ့

သြဂုတ် ၈ (ရွှေကျင်)
============================

သြဂုတ်လ (၈)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ရွှေကျင်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ ထောက်ပံ့ရေးပစ္စည်းများပေးအပ်ကာ အားပေးစကား ပြောကြားခဲ့သည်။
ရှေးဦ:စွာ မွန်းလွဲ(၁)နာရီအချိန်က ရွှေကျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ခဲ့ပြီး ရွှေကျင်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၉၃၆၈၀ဝိ/-)ကျပ်၊ ပြင်ပအလှူရှင် (၅)ဦးမှ ငွေကျပ်(၅၆)သိန်းနှင့် ဆန်(၁၀)အိတ်၊ ကျန်းမာရေးဦးစီးဌာနမှ ဓါတ်ဆား(၆၀၀၀)ထုပ်၊ မိုးကာ (၉၂)ထည်၊ တီရှပ် (၁၅၀)ထည်၊ နေလဝန်းကုမ္ပဏီမှ ဆန်အိတ်(၁၀၀)တို့အား လှူဒါန်းကြရာ၊ ဝန်ကြီးချုပ်မှ ပြင်ပအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေကျင်မြို့၊ ရွှေတောင်ဦးငါးထပ်ကြီးဘုရား၊ ရေဘေးကယ်ဆယ်ရေးစခန်း၊ ဂန့်ဂေါ်ဝိုင်း(အလက-ခွဲ) ရေဘေးကယ်ဆယ်ရေးစခန်းနှင့် ဘုရားကြီးစေတီ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ခဲ့ပြီး ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများကာ၊ ညောင်လေးပင်မြို့နယ် အမှိုက်စွန့်ပစ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာရေးအဖွဲ့များအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ရွှေကျင်မြို့နယ်တွင် ရွှေကျင်မြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ရေဝင်ရောက်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ အိမ်ထောင်စု(၁၈၈၁)ခု၊ လူဦးရေ(၉၂၂၈)ဦးအား ရေဘေးကယ်ဆယ်ရေးစခန်း(၃၄)ခုဖွင့်လှစ်၍ နေထိုင်စားသောက်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။