Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေကြီးအစိုးရအဖွဲ့မှ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့အတွက် ဆန်နှင့်ထောက်ပံ့ငွေ သွားရောက်လှူဒါန်း

ပဲခူးတိုင်းဒေကြီးအစိုးရအဖွဲ့မှ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့အတွက် ဆန်နှင့်ထောက်ပံ့ငွေ သွားရောက်လှူဒါန်း

သြဂုတ် ၁၂ (ပဲခူး)
======================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့် အစိုးရအဖွဲ့ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေတို့သည် သြဂုတ်လ (၁၂)ရက်နေ့၊ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိခဲ့ပြီး ဆန်နှင့် ထောက်ပံငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မွန်ပြည်နယ်ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ်(၃၀၀)၊ ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)တို့အား ပေးအပ်လှူဒါန်းခဲ့ရာ၊ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပအိုဝ်တိုင်းရင်းသားရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့် အစိုးရအဖွဲ့ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေတို့သည် မွန်ပြည်နယ်၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ပေါင်မြို့နယ်တွင် တောင်ပြိုမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် လူနာ(၂၈)ဦးအား တစ်ဦးလျှင်(၂၅၀၀ဝိ/-)နှုန်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်းနှင့် ကရင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက်လည်း ဆန်(၁၀၀)ကို ထပ်မံထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။