Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပပြုလုပ်

သြဂုတ် ၁၃ (ပဲခူး)
===================

ထူးချွန်သောမျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် သြဂုတ်လ(၁၃)ရက်နေ့ ညနေ(၃)နာရီအချိန်က ပဲခူးမြို့ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်းတွင် ၂၀၁၉ခုနှစ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တောင်ငူခရိုင်အသင်းနှင့် ပြည်ခရိုင်အသင်းတို့ ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားကြရာ တောင်ငူခရိုင်အသင်း(၆:ဝ)ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းပြုလုပ်ရာ ဒုတိယရရှိသော ပြည်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား(၃)သိန်းကျပ်ကို ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပေးအပ်ချီးမြှင့်ပြီး အကောင်းဆုံးဘောလုံးအားကစားသမားဆုရရှိသူ တောင်ငူခရိုင်အသင်းမှ ကျောနံပါတ်(၅) ဆန်းပြည့်ဖြိုး၊ ရှေ့တန်းအကောင်းဆုံးဆု တောင်ငူခရိုင်မှ ကျောနံပါတ်(၁၀)ခင်ဇော်ဝင်းထွန်း၊ အလယ်တန်းအကောင်းဆုံးဆု တောင်ငူခရိုင်မှ ကျောနံပါတ်(၆)ခွန်းဆက်ဟိန်း၊ နောက်တန်းအကောင်းဆုံးဆု ပြည်ခရိုင်မှကျောနံပါတ်(၅)ကောင်းခန့်ဇော်၊ ဂိုးအကောင်းဆုံးအားကစားသမားဆု တောင်ငူခရိုင်မှ ကျောနံပါတ်(၁)ထက်မင်းမော်တို့ကို ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်က တစ်ဦးလျှင်ငွေ(၃၀၀၀၀) ကျပ်နှုန်းဖြင့် ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပထမဆုရရှိသော တောင်ငူခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်ကပေးအပ်ပြီး ငွေသားဆု(၅)သိန်းကျပ်နှင့် တံခွန်စိုက်ဆုဖလားတို့ကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပေးအပ်ချီးမြှင့်သည်။
၂၀၁၉ခုနှစ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား သြဂုတ်လ(၆)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင်များမှ ကိုယ်စားပြု အားကစားအသင်း(၄)ပါဝင်၍ ပတ်လည်ယှဉ်ပြိုင်ကစားကြကာ အဆိုပါခရိုင်ကိုယ်စားပြုအသင်း(၄)မှ အကောင်းဆုံးအားကစားသမား (၂၅)ဦးအား နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၁၇)နှစ်အောက်ဘောလုံးပြိုင်ပွဲအတွက် ပဲခူးတိုင်းဒေသကြီး ကိုယ်ပြုအားကစားသမားများအဖြစ် ပဏာမရွေးချယ်ပြီး ပဲခူးမြို့တွင် ကန့်သွင်းလေ့ကျင့်ပြုလုပ်ပြီး နောက်ဆုံးအားကစားသမား(၂၀)ဦးအား ရွေးချယ်သွားရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။