Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်-ကရင်ချောင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်-ကရင်ချောင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

သြဂုတ် ၁၈ (ရေတာရှည်)
===============

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း သြဂုတ်လ(၁၈)ရက်နေ့ ညနေ(၆)နာရီအချိန်က တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး၊ အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာများလိုက်ပါလျှက် ရေတာရှည်မြို့နယ် ရေတာရှည်-ကရင်ချောင်းလမ်း အဆင့်မြင့်တင် တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
ရေတာရှည်-ကရင်ချောင်း လမ်းအား(ဝ/၀)မိုင်မှ (၁/၂)မိုင်အထိ (၁)မိုင်(၂)ဖာလုံကို ရေတာရှည်မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ယူ၍ လမ်းလယ်ကျွန်းနှင့် နှစ်လမ်းသွား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး တောင်ငူခရိုင်လမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမောင်ထွန်းမှ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး လုပ်ငန်းဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။