Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သာယာဝတီခရိုင်အဆင့် ကရင်ရိုးရာလက်ချည်ဖြူ ဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

သာယာဝတီခရိုင်အဆင့် ကရင်ရိုးရာလက်ချည်ဖြူ ဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

သြဂုတ် ၂၄ (အုတ်ဖို)
=============

သြဂုတ်လ(၂၄)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ရွာမရပ်ကွက်၊ ဝါဆိုဦး(၂) လမ်းရှိ ဝါဆိုဦးဘုန်းတော်ကြီးကျောင်းတွင် သာယာဝတီခရိုင်ကိုယ်စားပြု ကရင်ရိုးရာ လက်ရစ်ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ဝါဆိုဦးကျောင်း တိုက်ကြပ်ဆရာတော် ဦးစန္ဒာသီရိနှင့်သံဃာတော်များ၊ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ အုတ်ဖိုမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်ဇင်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်နှင့် ဌာနဆိုင်ရာများ၊ သာယာဝတီခရိုင်(၈) မြို့နယ် မှ ကရင်တိုင်းရင်းသား/တိုင်းရင်းသူများ အင်အား (၁၀၀၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး ကရင်တိုင်းရင်းသား/ သူများက ကရင်ဒုံးယိမ်းအကဖြင့် ကပြဖျော်ဖြေကြသည်။
အခမ်းအနားတွင် ဝါဆိုဦးကျောင်း တိုက်ကြပ်ဆရာနော်ဦးစန္ဒာသီရိက သြဝါဒစကားမိန့် ကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက လက်ရစ်ချည်ဖြူ ဖွဲ့အကြောင်း ရှင်းလင်းပြောကြားကာ ပဲခူးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားအရေးကိစ္စများဆိုင်ရာ ကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်က ကရင်ရိုးရာဘာသာဓလေ့ စာအုပ်စာပေများနှင့် လက်ရစ်ချည်ဖြူအကြောင်း ရှင်းလင်ပြောကြားသည်။
ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ကရင်စာပေနှင့် ယဉ်ကျေးမူ့ဥက္ကဌ စောသောင်းကြီးက ကရင်စာပေနင့်ယဉ်ကျေးမူ့အကြောင်း ရှင်းလင်းပြောကြားပြီး ကရင်အမျိးသားသီချင်းသီဆို၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။