Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၁၃-၉-၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၃:၃၀)အချိန် မြစ်ရေအမှတ် ထုတ်ပြန်ချက်

(၁၃-၉-၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၃:၃၀)အချိန် မြစ်ရေအမှတ် ထုတ်ပြန်ချက်

စက်တင်ဘာ ၁၃(ပဲခူး)
====================

1
(၁၃.၉.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၃:၃၀)အချိန် တိုင်းထွာချက်များအရ တောင်ငူမြို့နှင့် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ရှိ စစ်တောင်းမြစ်ရေအမှတ်၊ ရွှေကျင်မြို့ရှိ ရွှေကျင်မြစ်ရေအမှတ်နှင့် ပဲခူးမြို့ရှိ ပဲခူးမြစ်ရေအမှတ်များအား သိရှိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ (၁၃.၉.၂၀၁၉)ရက်နေ့၊ (၁၃:၃၀)အချိန် တိုင်းထွားချက်များအရ မဒေါက်မြို့ရှိ စစ်တောင်းမြစ်ရေနှင့် ပဲခူးမြို့ရှိ ပဲခူးမြစ်ရေတို့သည် စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိနေပြီဖြစ်၍ မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းဘေး နေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် လေးစားစွာ အသိပေးအပ်ပါသည်။