Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၊ ရေဘေးရှောင်ပြည်သူများအတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ လာရောက်ကူညီထောက်ပံ့

ပဲခူးမြို့၊ ရေဘေးရှောင်ပြည်သူများအတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ လာရောက်ကူညီထောက်ပံ့

စက်တင်ဘာ ၁၃ (ပဲခူး)
===============

စက်တင်ဘာလ(၁၃)ရက်နေ့၊ ညနေ(၅:၃၀)အချိန်က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်အောက်ထပ်၌ ဖွင့်လှစ်ထားသော ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရောက်ရှိခဲ့ပြီး  ရေးဘေးရှောင် ပြည်သူများအတွက် ထောက်ပံ့ငွေများ ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး ဦးညွန့်ရွှေမှ ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ရေဘေးရှောင်ပြည်သူများအတွက် (၃)ရက်စာ (၁၉)ပြည်ဝင် ဆန်အိတ်(၅၄၉)အိတ်၊ ခေါက်ဆွဲခြောက် လူ(၁)ဦး (၁)ထုပ်နှုန်းဖြင့် (၃)ရက်စာ အထုပ်ပေါင်း(၄၁၅၀၅)ထုပ်၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၉,၄၀၉,၉၅ဝိ/-)တို့အား ထောက်ပံ့ပေးအပ်ရာ၊ ဝန်ကြီး ဦးညွန့်ရွှေက လက်ခံရယူခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ပဲခူးမြို့ရှိ ရေဘေးရှောင်ခစန်း (၂၃)ခုရှိ လူဦးရေ(၁၃၈၃၅)ဦးအတွက် (၁)ဦးလျှင် (၁)ရက်စာ ဆန်(၂)ဗူးနှုန်းဖြင့် (၄)ရက်စာ (၂၄)ပြည်ဝင် ဆန်အိတ် (၄၉၅)အိတ် စုစုပေါင်းတန်ဖိုးငွေကျပ် (၁၁၅၄၀၀၀ဝိ/-)အား ထောက်ပံ့ပေးခဲ့ရာ ပဲခူးမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင် မြို့မိ/မြို့ဖ ဦးမောင်ဝင်းမှ လက်ခံရယူခဲ့သည်။
ယင်းနောက် ရေဘေးရှောင်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့တွင် ဖွင့်လှစ်ထားရှိသော ရေဘေးရှောင်စခန်းများသို့ သွားရောက်၍ ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း (၁၃-၉-၂၀၁၉)ရက်နေ့၊ မွန်းလွဲပိုင်းအထိ ပဲခူးမြို့နယ်တွင် (၂၆)ခု၊ ညောင်လေးပင်မြို့နယ်တွင် (၈)ခု၊ ရွှေကျင်မြို့နယ်တွင်(၁၁)ခု၊ စုစုပေါင်း ရေဘေးရှောင်စခန်း(၄၅)ခု ဖွင့်လှစ်ထားရှိပြီး အိမ်ခြေ(၅၆၄၆)၊ အိမ်ထောင်စု(၅၆၉၀)ခု၊ လူဦးရေစုစုပေါင်း(၂၇၇၀၅)ဦးရှိကြောင်း သတင်းရရှိသည်။