Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန / ပဲခူးတိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာန၌ တင်ဒါဖွင့်ပွဲ အခမ်းနားကျင်းပ

ပဲခူးတိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာန၌ တင်ဒါဖွင့်ပွဲ အခမ်းနားကျင်းပ

အောက်တိုဘာ ၂၆ (ပဲခူး)

————————-

0-02-03-c7c9e2c33d713f5c23d0552d307276600dad0ad03d97a7c1bca4ec55b034abc0_full

    ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရရန်ပုံငွေနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ တင်ဒါဖွင့်ပွဲအခမ်းအနား သို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင် တက်ရောက်ခဲ့သည်။

            အခမ်းအနား၌ ဝန်ကြီးက မိမိတို့အစိုးရအနေဖြင့် ကုမ္ပဏီများအားလုံးကို အလုပ်အကိုင် အခွင့်အလမ်းများရရှိစေလိုကြောင်း၊ ကုမ္ပဏီများအနေဖြင့် မိမိတို့ရရှိတဲ့ လုပ်ငန်းများအပေါ် ကိုယ့်အတ္တကို မကြည့်ဘဲ ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်အောင်၊ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့အစိုးရက ကုမ္ပဏီများအားလုံးကို တန်းတူအခွင့်အရေး ပေးထားပြီး ဘယ်ကုမ္ပဏီကိုမှ အရေးပေးဆောင်ရွက် ခြင်းလည်းမရှိကြောင်း၊ ကုမ္ပဏီများ တည်ဆောက်ထားသည့် အဆောက်အဦများကိုလည်း ဌာနဆိုင်ရာများ၊ အစိုးရအဖွဲ့က ဖွဲ့စည်းထားသည့် တည်ဆောက်ရေးကော်မတီများဖြင့် သတ်မှတ်စံချိန်စံညွှန်းအတိုင်း အရည်အသွေးပြည့်မီခြင်း ရှိ/မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီ လုပ်ငန်းရှင်များအနေဖြင့် ဌာနရဲ့ လုပ်ငန်းများနှင့် ပတ်သက်၍ အားတက်သရော ပါဝင်ယှဉ်ပြိုင်ကြသည့်အတွက် အထူးကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။

Leave a Reply