Home / မီဒီယာ / သောက်သုံးရေကန်များတူးဖော်ခြင်းနှင့်ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

သောက်သုံးရေကန်များတူးဖော်ခြင်းနှင့်ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

သနပ်ပင် ဇူလိုင် ၃။

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့စျေးပိုင်းရပ်ကွက်မြို့ရှောင်လမ်းဘေးရှိ ရွှေမန်းခန်းမ၌ ယနေ့နံနက်က မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ သောက်သုံးရေကန်များတူးဖော်ခြင်းနှင့် မြန်မာမုဒိတာဖောင်ဒေးရှင်းမှ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်နှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း၊ ဂုဏ် ပြု ချီး မြှင့် ပွဲ
အခမ်းအနားကို ကျင်းပသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း(MCEA)မှ ဒုဥက္ကဌဦးမောင်မောင်က ရေတွင်းရေကန်များ လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊မြန်မာမုဒိတာဖောင်ဒေးရှင်းမှ ဥက္ကဌဦးတင်မောင်နိုင်က ဖောင်ဒေးရှင်း၏ ဆောင်ရွက်ချက်များကို လည်းကောင်းအသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ အလှူငွေနှင့် စာအုပ်များကို ပေးအပ်ချီးမြှင့်ပြီးနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ ဧည့်သည်တော်များက သနပ်ပင်မြို့ရှိ တူးဖော်ထားသော
ရေတွင်းရေကန်များကို လိုက်လံ ကြည့် ရှု ခဲ့ကြောင်းသိရသည်။

ပဲခူး ခရိုင်ပြန်/ဆက်