Home / ပဲခူးမြို့နယ် / တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ပဲခူးတိုင်းဒေသကြီးမှ စုပေါင်းတံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိ

တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ပဲခူးတိုင်းဒေသကြီးမှ စုပေါင်းတံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိ

ဇူလိုင် ၄ (ပဲခူး)

==================================================

          ၂၀၁၇-၂၀၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲအား ဇွန်လ(၃၀)ရက်နေ့၊ နံနက်(၈)နာရီအချိန်မှ စတင်ပြီး နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ(B) ၌ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

          ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား (၂)ယောက်တွဲ အဖွဲ့ငယ်(၁)ဖွဲ့၊ အမျိုးသား(၃)ယောက်တွဲ အဖွဲ့ငယ်(၁)ဖွဲ့၊ အမျိုးသမီး (၂)ယောက်တွဲ အဖွဲ့ငယ် (၁)ဖွဲ့၊ အမျိုးသမီး (၃)ယောက်တွဲ အဖွဲ့ငယ်(၁) တို့ပါဝင်ယှဉ်ပြိုင်ခဲ့ရာ၊ အမျိုးသား အသင်းလိုက်ပြိုင်ပွဲတွင် ပထမ(ရွှေတံဆိပ်)၊ အမျိုးသား (၂)ယောက်တွဲ အဖွဲ့ငယ်ပြိုင်ပွဲတွင် ဒုတိယ(ငွေတံဆိပ်)၊ အမျိုးသား(၃)ယောက်တွဲ အဖွဲ့ငယ်ပြိုင်ပွဲ တွင် ဒုတိယ(ငွေတံဆိပ်)၊ အမျိုးသမီး (၃)ယောက်တွဲ အဖွဲ့ငယ်ပြိုင်ပွဲတွင် ပထမ(ရွှေတံဆိပ်)၊ အမျိုးသမီး (၂)ယောက်တွဲ အဖွဲ့ငယ်ပြိုင်ပွဲတွင် ပထမ(ရွှေတံဆိပ်) ရရှိခဲ့သည်။

          ပဲခူးတိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းအားကစား အသင်းမှ ရွှေတံဆိပ် (၃)ခုနှင့် ငွေတံဆိပ်(၂)ခုတို့ဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလား ရရှိခဲ့ပြီး၊ အုပ်ချုပ်သူ(၂)ဦး၊ နည်းပြ (၃)ဦး၊ အားကစားသမား(အမျိုးသား/အမျိုးသမီး) ၁၇ ယောက် သွားရောက်ယှဉ်ပြိုင် ကစားခဲ့ ကြောင်း သိရသည်။