Home / ဒိုက်ဦးမြို့နယ် / နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများ ထပ်မံဆောင်ရွက်နိုင်ရန် ရပ်ဆိုင်းထားရှိသော အေးသုခ ဝက်မွေးမြူရေးခြံနှင့် အစာစပ်စက်ရုံအား သွားရောက်ကြည့်ရှု့စစ်ဆေး

နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများ ထပ်မံဆောင်ရွက်နိုင်ရန် ရပ်ဆိုင်းထားရှိသော အေးသုခ ဝက်မွေးမြူရေးခြံနှင့် အစာစပ်စက်ရုံအား သွားရောက်ကြည့်ရှု့စစ်ဆေး

စက်တင်ဘာ ၂၉ (ဒိုက်ဦး)
===================================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပဲခူးခရိုင် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ စက်တင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်၊ အေးသုခကျေးရွာရှိ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားရှိသော ဝက်မွေးမြူရေးခြံနှင့် အစာစပ်စက်ရုံ၊ သဘာဝမြေသြဇာစက်ရုံနှင့် ကြက်/ ဝက်/ ဘဲမွေးမြူရေးခြံများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဝက်မွေးမြူရေးခြံနှင့် အစာစပ်စက်ရုံ ရှင်းလင်းဆောင်၌ စက်ရုံးမှုးဦးမြင့်လွင်က အေးသုခကျေးရွာ ပရဝဏ်အတွင်းရှိ မြေသြဇာစက်ရုံ၊ အစာစပ်စက်ရုံနှင့် ကြက်/ဝက်မွေးမြူရေးခြံများ၏ နောက်ခံသမိုင်းကြောင်း၊ လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က စက်ရုံပရဝဏ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဝက်မွေးမြူရေးခြံနှင့် အစာစပ်စက်ရုံသည် ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောကျေးရွာ(အနောက်အုပ်စု)အတွင်း၊ ရန်ကုန်-မန္တလေးကားလမ်း ဟောင်း မိုင်တိုင်(၇၂) အနောက်ဘက်(၃)မိုင်အကွာတွင် တည်ရှိပြီး ခြံမြေအကျယ်အဝန်း (၁၀၉.၂၂)ဧကရှိသည်။ အဆိုပါစက်ရုံ၏ လက်အောက်တွင် လုပ်ကိုင်နေသော သဘာဝမြေသြဇာစက်ရုံနှင့် ဝက်မွေးမြူရေးလုပ်ငန်း၊ ဝမ်းဘဲအင်း ဝက်မွေးမြူရေးခြံ၊ ဘုရားကြီး ဝက်မွေးမြူရေးခြံနှင့် ကြက်မွေးမြူရေးခြံ၊ ဘဲမွေးမြူရေးခြံ လုပ်ငန်းများကို ၁၉၈၅-၈၆ခုနှစ်မှစတင်၍ လုပ်ကိုင်ခဲ့ပြီး ၂၀၁၃/၂၀၁၄ခုနှစ်တို့တွင် ဆက်လက်လုပ်ဆောင်ခြင်းမရှိသဖြင့် ရပ်နားထားရှိသည်။ ယခုအခါ ၎င်းစက်ရုံအတွင်းရှိ ဂိုဒေါင်(၂)လုံးအား ဝန်ကြီးဌာနက အနော်ရထာ ထုတ်လုပ်ဖြန့်ချီရေး ကုမ္ပဏီလီမိတက်သို့ ငှားရမ်းထားရှိထားသည်။
လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခြင်းမရှိသော ဝက်မွေးမြူရေးခြံနှင့် အစာစပ်စက်ရုံအပါအဝင် ပရဝဏ်အတွင်းရှိ လုပ်ငန်းများ လုပ်ဆောင်ခဲ့သောမြေနေရာနှင့် အဆောက်အဦးများအား အစိုးရအဖွဲ့မှ ငှားရမ်းလိုသည့် ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်နှင့် ပူးပေါင်းကာ နိုင်ငံအတွက်၊ တိုင်းဒေသကြီးအတွက်၊ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရန် အကျိုးတူလုပ်ငန်းများ လုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့နောက် စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဒိုက်ဦးကော်မှုန့်စက်ရုံအား သွားရောက်ကြည့်ရှုရာ စက်ရုံရှင်းလင်းဆောင်၌ Fortune Internation Limited အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာမြဟန်နှင့် စက်ရုံမှုးဦးမြင့်နိုင်တို့က စက်ရုံလည်ပတ်နေသည့် အခြေအနေ၊ စက်ရုံမှထုတ်လုပ်သည့် ထုတ်ကုန်များ၏ အခြေအနေနှင့် စျေးကွက်ဖြန့်ဖြူးသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်ပြောကြားခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုက်စကော စိုက်/မွေးစခန်းအနီးရှိ ဒိုက်ဦးအကျဉ်းထောင် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဦးစီးအရာရှိ ဦးမောင်ထွေးက လိုက်လံရှင်းလင်းပြသည်။
ဒိုက်ဦးအကျဉ်ထောင်သည် အကျဉ်းသား ကျား/မ(၁၀၀၀)ဦးခန့် ထားရှိနိုင်ရေးအတွက် ကျားဆောင်(၄)ဆောင်၊ မဆောင်(၁)ဆောင်၊ ဆေးရုံ/ဆေးခန်း(၁)ဆောင်ပါရှိသော ဆောက်လုပ်လျှက်ရှိရာ (၅၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။