Home / ဖြူးမြို့နယ် / ဖြူးချောင်းရေအားလျှပ်စစ်စီမံကိန်းရှိ ပင်မလျှပ်စစ်ထုတ်လုပ်ရေးတွင် ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားရာသို့ ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

ဖြူးချောင်းရေအားလျှပ်စစ်စီမံကိန်းရှိ ပင်မလျှပ်စစ်ထုတ်လုပ်ရေးတွင် ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားရာသို့ ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

အောက်တိုဘာ ၁ (ဖြူး)
====================================

အောက်တိုဘာလ(၁)ရက်နေ့၊ နံနက် (၁၁:၃၀) အချိန်ခန့်က ပဲခူးတိုင်းဒေကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စက်မှု၊ လျှပ်စက်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းလျှပ်စစ်အင်ဂျင်နီယာ၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ မင်းကံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာကျေးရွာအနီး ဖြူးချောင်းရေအားလျှပ်စစ် စီမံကိန်းရှိ ပင်မလျှပ်စစ်ထုတ်လုပ်ရေးတွင် ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ(၃၀)ရက်နေ့၊ ည(၁၀:၁၅)နာရီအချိန်က ဖြူးချောင်းရေအားလျှပ်စစ်စီ မံကိန်းရှိ ပင်မလျှပ်စစ်ထုတ်လုပ်ရေးမှ ပါဝါဟောက် VCB-VACCUM-CIRCURT BRAKER17 မှနေဝါယာရှော့ဖြစ်၍ မီးပန်းများ ထွက်ပေါက်ကွဲဖြစ်ကာ အနီးရှိ ထရန်စဖော်မာ 230KV/11KV အား ကူးစက်လောင်းကျွမ်းခဲ့သည်။
အဆိုပါ မီးလောင်ရာသို့ ဖြူးမြို့နယ်မီးသတ်ဦးစီးဌာန၊ ဖြူးမြို့နယ်ရဲတပ်ဖွဲ့၊ ၁၁၅ မိုင်အမြန်လမ်း မီးသတ်တပ်ဖွဲ့၊ မီးသတ်ယာဉ် ၅စီးနှင့် စက်ရုံဝန်ထမ်းတို့မှ ပူးပေါင်းမီးငြိမ်းသတ်ရာ အောက်တိုဘာလ(၁)ရက်နေ့၊ နံနက်(၀၀၃၀)နာရီအချိတ်တွင် မီးညွန့်ကျိုးကာ (၀၀၄၅)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ပျက်စီးဆုံးမှုတန်ဘိုးအနေဖြင့် ကျပ်သိန်းထောင်ချီခန့် ဆုံးရှုံးသွားကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။