Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန / (၁၆၆) ကြိမ်မြောက် ရွှေကျင်မြို့နယ်၊ သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

(၁၆၆) ကြိမ်မြောက် ရွှေကျင်မြို့နယ်၊ သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

အောက်တိုဘာ ၆ (ရွှေကျင်)

 ===================================

အောက်တိုဘာလ (၆)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်က ရွှေကျင်မြို့၊ ပျဉ်းမပင်ရပ်ကွက်၊ ရွှေကျင်ချောင်း ကမ်းနံဘေးရှိ ဗဟိုမဏ္ဍပ်၌ (၁၆၆)ကြိမ်မြောက် (၁၆၆ ကြိမ်မြောက်) ရွှေကျင်မြို့နယ်၊ သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ဖွင့်ပွဲနှင့် ယိမ်းအကအဖွဲ့များ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။

အခမ်းအနားကို နံနက်(၀၉:၀၀)အချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်၍ လှောက်ကားတော်ကြီးလှေမှ ဦးဆောင်ကာ တက်ပျံယိမ်း၊ တက်ခုတွယိမ်းများ၊ ယိမ်းအကအဖွဲ့များ၊ တိုင်းရင်းသားရိုးရာ ယိမ်းအဖွဲ့များက တေးသီချင်းများ အကများဖြင့် သရုပ်ပြဖျော်ဖြေယှဉ်ပြိုင်ကြပြီးနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော၊ ရွှေကျင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းတို့မှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပေးကြသည်။

ထို့နောက် အရှင်ဥပဂုတ္တရဟန္တာမြတ်၏ ကရဝိတ်ဖောင်တော်အား ရွှေကျင်ချောင်းအတွင်း လက်ယာရစ်(၃)ကြိမ် အပူဇော်ခံကာ ရောင်စုံမီးကြာခွက်များဖြင့် ရွှေကျင်ချောင်းအတွင်း မီးမျှောပူးဇော်ခဲ့ကြသည်။

 (၁၆၆ ကြိမ်မြောက်) ရွှေကျင်မြို့နယ်၊ သီတင်းကျွတ် မီးမျှောပူဇော်ပွဲတွင် ရွှေကျင်မြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာ(၃၉)ခုမှ ပြိုင်ပွဲဝင် အသင်း(၁၇)သင်း၊ ဖျော်ဖြေရေးအဖွဲ့ (၂၈) ဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။