Home / ပဲခူးမြို့နယ် / ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပပြုလုပ်

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၁၅ (ပဲခူး)
=================================

ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကျင်းပပြုလုပ်ရာ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇၅)ဦးအနက် (၇၁)ဦး တက်ရောက်သည်။
အဆိုပါ အစည်းအဝေး(ဒုတိယနေ့)တွင် ကြယ်ပွင့်ပြထားသည့် မေးခွန်းများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းရာသက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားကြသည်။
ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (ဒုတိယနေ့)တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားများက မေးခွန်း(၁၁)ခု မေးမြန်းပြီး ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်က လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ(၁)စောင်၊ အဆို(၁)ခု၊ အတည်ပြုချက်(၁)ခုတို့ ဆောက်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။