Home / ပဲခူးမြို့နယ် / ဒုတိယအကြိမ်​ ပဲခူးတိုင်း​ဒေသကြီးလွှတ်​​တော်​ နဝမပုံမှန်​အစည်း​အ​ဝေး (ပဉ္စမနေ့)ကျင်းပ

ဒုတိယအကြိမ်​ ပဲခူးတိုင်း​ဒေသကြီးလွှတ်​​တော်​ နဝမပုံမှန်​အစည်း​အ​ဝေး (ပဉ္စမနေ့)ကျင်းပ

ဖေဖော်ဝါရီ ၂၀(ပဲခူး)
============================

ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦခန်းမ၌ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ (၇၅)ဦးရှိပြီး (၆၅)ဦးတက်ရောက်ကာ အစည်းအဝေးသို့ မတက်ရောက်နိုင်သူများကို ခွင့်ပန်ကြား၍ လွှတ်တော်မှ အတည်ပြုချက်ရယူသည်။
ရှေးဦးစွာ လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြထားသော မေးခွန်း(၁၀)ခုအား မေးမြန်းရာ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမှ ပြန်လည်ဖြေကြားပေးသည်။
ထို့နောက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်ပတ်သက်၍ ရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်ကျော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှလည်းကောင်း၊ စက်မှုလျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ကိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် ပတ်သက်၍ ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဦး၊ နတ္တလင်းမြို့နယ် မဲဆန္ဒနယ်မှလည်းကောင်း၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်ပတ်သက်၍ ရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်လှလှဝင်း ရွှေကျင်မြို့၊ နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်သို့ အသီးသီးတင်ပြကြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးရေချိုငါးလုပ်ဥပဒေ (မူကြမ်း)နှင့်ပတ်သက်သည့် ပြင်ဆင်ချက်အဆိုကို တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးမျိုးကြည် ဝေါမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်သို့တင်သွင်းရာ မူကြမ်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း ထန်းတပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ကလည်းကောင်း၊ ဦးဌေးလွင် ထန်းတပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ကလည်းကောင်း၊ ဦးညီညီထွေး ညောင်လေးပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ကလည်းကောင်း အသီးသီးဆွေးနွေးကြပြီးနောက် ပြည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကျော်ဇေယျတင်သွင်းသော ပဲခူးတိုင်းဒေသကြီးအတွင်း သစ်တောနယ်မြေများတွင် သစ်တောဥပဒေများအရ လုပ်ကိုင်အသုံးပြုခွင့် ချထားပေးသော လုပ်ပိုင်ခွင့်များအား ပြန်လည်စိစစ်ပေးရန် တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းသောအဆိုကို လွှတ်တော်မှမဲခွဲဆုံးဖြတ်ရာ လက်ခံဆွေးနွေးသင့်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုသည်။

ယင်းနောက် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်မှ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ရပ်နားကြောင့်နှင့် ဆက်လက်ကျင်းပမည့်နေ့ရက်နှင့် အချိန်ကို ကြေငြာကြောင်း သိရသည်။