Home / ပဲခူးမြို့နယ် / ဒုတိယအကြိမ်​ ပဲခူးတိုင်း​ဒေသကြီးလွှတ်​​တော် ​နဝမပုံမှန်​အစည်းအ​ဝေး (ဆဋ္ဌမ​နေ့)ကျင်းပ

ဒုတိယအကြိမ်​ ပဲခူးတိုင်း​ဒေသကြီးလွှတ်​​တော် ​နဝမပုံမှန်​အစည်းအ​ဝေး (ဆဋ္ဌမ​နေ့)ကျင်းပ

ဖေဖော်ဝါရီ ၂၁(ပဲခူး)
========================

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ဖေဖော်ဝါရီလ(၂၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး လွှတ်တော်အဆောက်အဦ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လွှတ်တော်ဥက္ကဋ္ဌမှ နေရာယူပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၇၅)ဦးအနက် (၆၆)ဦး တက်ရောက်ကာ မတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြား၍ တိုင်းဒေသကြီးလွှတ်တော်၏အဆုံးအဖြတ်ကိုရယူသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြထားသော မေးခွန်း (၁၀)ခု၊ တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီ အစီရင်ခံစာအား ရေးရာကော်မတီအဖွဲ့ဝင် ဦးအောင်ကိုမင်း ကြို့ပင်ကောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ကလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာ ကော်မတီအစီရင်ခံစာအား ရေးရာကော်မတီအဖွဲ့ဝင် ဦးအေးဝင်း မိုးညိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ကလည်းကောင်း အသီးသီး တင်ပြခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ရပ်နားကြောင်းနှင့် ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေငြာကြောင်း သိရသည်။