Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန / ကဝမြို့နယ်၊ ကျေးရွာ(၆)ရွာမှ စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုအိမ်ခြေများနှင့် အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ကဝမြို့နယ်၊ ကျေးရွာ(၆)ရွာမှ စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုအိမ်ခြေများနှင့် အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ဖေဖော်ဝါရီ ၂၄ (ပဲခူး)

======================================

          လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့သည် ဖေဖော်ဝါရီလ (၂၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဧည့်ခန်းမ၌ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ လွတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ကဝမြို့နယ်၊ ကျေးရွာ(၆)ရွာမှ စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုအိမ်ခြေများနှင့် အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများ သွားရောက်ထောက်ပံ့နိုင်ရေး လာရောက်တွေ့ဆုံသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်းကြီးက ပဲခူးတိုင်းဒေသကြီးအတွင်း စစ်တောင်းမြစ်ရေ တိုက်စားမှု ကြောင့် ကမ်းပါးပြိုကျခဲ့သည့် ကျေးရွာများအတွက် ဆန်ဖိုးနှင့် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ပေးအပ် ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ရေရှည်စီမံချက်များ ချမှတ် ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၅)မြို့နယ်မှ စာရင်းကောက်ယူထားသည့် ကိုယ်လက်အင်္ဂါမသန်စွမ်းသူ (၄၄၄)ဦး၊ အမြင်အာရုံမသန်စွမ်းသူ (၁၂၀) ဦး၊ အကြားအာရုံမသန်စွမ်းသူ (၁၃၂)ဦး၊ ဉာဏ်ရည်မသန်စွမ်းသူ (၅၇)ဦး၊ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူ(အရပ်သား) (၇၆)ဦး ရှေးပြေးစာရင်း ကောက်ယူထားပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့နယ်များအလိုက် စာရင်းကောက်ယူ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိခင်ဝိုင်းမူကြိုများ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိကြောင်း၊ ရပ်ရွာအခြေပြု စက်ချုပ်သင်တန်းများနှင့် မြို့နယ်များတွင် မူလတန်းကြိုကျောင်းများ ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်အနေဖြင့် မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနေသည် ကိုလည်း သိရှိရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ဝန်ကြီးချုပ်က သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့ရှိ ကျေးရွာများသည် စစ်တောင်း မြစ်ရေတိုက်စားမှုကြောင့် ကျေးရွာများ ပြောင်းရွေ့ရခြင်း၊ စိုက်ပျိုးမြေများ ဆုံးရှုံးရခြင်းများ နှစ်စဉ် ကြုံတွေ့နေရသဖြင့် ၎င်းဘေးဒုက္ခများ လျော့နည်းသက်သာစေရန် ရေရှည်စီမံချက်များ ချမှတ်၍ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာများ ပြောင်းရွေ့ရန်အတွက် မြေနေရာများ ရှာဖွေဖော်ထုတ် ခြင်း၊ ပြောင်းရွှေ့စရိတ်များ ထောက်ပံ့ပေးခြင်းများအား မိမိတို့အစိုးရအဖွဲ့ အစီအစဉ်ဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ယခုလို ပြည်ထောင်စုဝန်ကြီးမှလည်း ထပ်မံလာရောက် ထောက်ပံ့ပေးမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။

          အဆိုပါ ပြည်ထောင်စုဝန်ကြီးခရီးစဉ်၌ ကဝမြို့နယ်၊ ဘန်ဒါကျေးရွာတွင် စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကြိုတင်ပြောင်ရွေ့ရသည့် ဘန်ဒါ၊ ကံတော်၊ တံတားဦး၊ ငှက်ကြီးရေကျော်၊ ကံရ၊ အောင်ဇေယျစသည့် ကျေးရွာ(၆)ရွာမှ ကမ်းပြိုအိမ်ခြေ(၁၂၇၁)အိမ်၊ အိမ်ထောင်စု(၁၃၂၃)စု၊ လူဦးရေ(၆၁၁၈)ဦးအတွက် ရိက္ခာဆန်(၁၉၁)အိတ်နှင့် ရိက္ခာဖိုးငွေ (၁၂၈)သိန်းကျော်၊ အိမ်ဆောက် ပစ္စည်း တန်ဖိုးငွေကျပ် (၁၂၇၁)သိန်းတို့အား ထောက်ပံ့ပေးအပ်မည်ဖြစ်ပြီး ခရီးစဉ်တွင် ဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ဒုဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တိုင်းအဆင့်ဌာနဆိုင်ရာများ လိုက်ပါသွားကြောင်း သတင်းရရှိသည်။