Home / ကဝမြို့နယ် / ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ဝင် ကျေးရွာများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ဝင် ကျေးရွာများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

မတ် ၁၅ (ပဲခူး)
=================================

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှကြီးမှုး၍ မတ်လ(၁၅)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ ဥဿ ာမြို့သစ်၊ (၂)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ရုံး၌ ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ဝင်ကျေးရွာများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်စန်းစန်းမိုးက အဖွင့်အမှာစကားပြောကြားပြီး ဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ အမှတ်ပေးစည်းမျဉ်းအား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ အတွင်းရေးမှူး ဒေါ်မိုးသူဇာကျော်က ရှင်းလင်းပြောကြားသည်။
ထို့နောက် ပထမဆုရရှိသော တောင်ငူမြို့နယ် ငါးဖယ်အင်းကျေးရွာ၊ ဒုတိယဆုရရှိသော တောင်ငူမြို့နယ် ဆူးတပ်ကျေးရွာ၊ တတိယဆု ရရှိသော ကဝမြို့နယ် ချောင်းခွကျေးရွာတို့အား တိုင်းဒေသကြီးအမျိုးသမီးရေးရာ ဥက္ကဌမှ ဆုများပေးအပ်ချီးမြှင့်ပြီး ဆုရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထူးချွန်ဆုရွေးချယ်ရာတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြေရေးကဏ္ဍကို အကောင်ထည်ဖော်နိုင်မှု့ (၁ဝမှတ်)၊ ကူးစက်ရောဂါကာကွယ်ရေး ဆောင်ရွက်မှု(၁ဝမှတ်)၊ အာဟာရကဏ္ဍဆောင်ရွက်မှု (၁ဝမှတ်)၊ ပညာရေးကဏ္ဍဆောင်ရွက်မှု(၁ဝမှတ်)၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးကဏ္ဍ ပါဝင်ဆောင်ရွက်မှု(၁ဝမှတ်)၊ ကျေးရွာပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု့ (၁ဝမှတ်)၊ စေတနာ့ဝန်ထမ်းအမျိုးသမီးများ၏ တစ်ဦးချင်းစွမ်းဆောင်နိုင်မှု့ (၁ဝမှတ်)၊ စေတနာ့ဝန်ထမ်းအမျိုးသမီး ဆယ်အိမ်စုမှူးများ၏ ပူးပေါင်းဆောင်ရွက်နိုင်မှု့ (၁ဝမှတ်)၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ကျေးရွာအမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှု့ (၁ဝမှတ်)၊ ကျေးရွာ၏ ရုပ်ဝတ္ထုပတ်ဝန်းကျင် ပြောင်းလဲတိုးတက်လာမှု့ကဏ္ဍ(၁ဝမှတ်) စုစုပေါင်းအမှတ်(၁၀၀)အပေါ် လှုပ်ရှားမှုကဏ္ဍအလိုက် အမှတ်ပေးရွေးချယ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။