Home / ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန

sal Myaingဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ မူ၀ါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်နှင့် ဥပဒေ၊ နည်းဥပဒေများ

၁။ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် လယ်ယာကဏ္ဍနှင့် စပ်လျဉ်း၍ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ကဏ္ဍ၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း

(၁) မူဝါဒများ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁-က)  လယ်ယာကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်လာရေးအတွက် လယ်ယာ စနစ်ကူးပြောင်းရေး၊ ရာသီဥတုပြောင်းလဲမှုအပေါ် လိုက်လျောညီထွေ ရှိမည့် သီးနှံများစိုက်ပျိုးထုတ်ရေးနှင့် စိုက်ပျိုးရေတိုးတက်ရရှိရေး လုပ်ငန်းများ ဆောင်ရွက်သွားရေး။

(၁-ခ)   လယ်ယာကဏ္ဍဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများအား ခေတ်နှင့် လျော်ညီစွာ ပြဌာန်းအကောင်အထည်ဖော်ရေး။

 

(၂) ရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၂-က)  တည်ဆောက်ပြီးစီးသည့် ဆည်မြောင်းစီမံကိန်းများနှင့် မူလစီမံကိန်း လျာထားချက်အတိုင်း မပြီးစီးဘဲ ကျန်ရှိနေသည့် ရေသောက်စနစ်လုပ်ငန်း များကို ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ခြင်း။

(၂-ခ)   တည်ဆောက်ပြီးအသုံးပြုခဲ့သည့် သက်တမ်းကြာ၍ ပျက်စီးနေသော ဆည်မြောင်းစီမံကိန်းများ၏ ရေသောက်စနစ်များနှင့် ရေပေးအဆောက် အအုံများကို ဒေသအလိုက် ဦးစားပေးလိုအပ်ချက်အရ အသစ်ပြန်လည် မွမ်းမံ အကောင်အထည် ဖော်သွားရန်။

 

(၂-ဂ)   ပဲခူးတိုင်းဒေသကြီးအတွင်း နှစ်စဉ် ရေကြီးနစ်မြုပ်ဆုံးရှုံးမှု ဖြစ်လေ့ဖြစ်ထ ရှိသဖြင့် လယ်ယာမြေများရေကြီးနစ်မြုပ်မှုကာကွယ်ရေးအတွက် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများကို ဒေသအလိုက် ဦးစားပေး အစီအစဉ်များဖြင့် ဆောင်ရွက်သွားရန်။

(၂-ဃ)  ဌာနဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် ရုံးပတ်ဝန်းကျင် အပါအဝင် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး (Skill Development)ကို စီမံချက်များ ချမှတ် အကောင်အထည်ဖော်ရန်။

(၂-င)   ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ နည်းပညာ သင်တန်းကျောင်းများကို လိုအပ်သော သင်ထောက်ကူပစ္စည်း၊ လေ့ကျင့်ရေးသုံး စက်ယန္တရား ကိရိယာများ၊ သင်ရိုးများကို အဆင့် မြှင့်တင်ဆောင်ရွက်သွားရန်။

(၃) လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၃-က)  စိုက်ပျိုးရေးပိုမိုရရှိရေးအတွက် တောင်နဝင်းရေလှောင်တမံ၊ မြောက်နဝင်း ရေလှောင်တမံ၊ ဝဲကြီးရေလှောင်တမံနှင့် တောင်ညိုရေလှောင်တမံ တို့၏ ဆည်ရေသောက်စနစ်များ ပြန်လည်ပြုပြင် မွမ်းမံခြင်းလုပ်ငန်း (Rehabilitation)ကို ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ (JICA)ချေးငွေဖြင့် ဆောင်ရွက်သွားပါမည်။ ခပေါင်းဆည် ရေသောက်စနစ် အဆင့်မြင့်လယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်းကို အိန္တိယ ချေးငွေဖြင့် ဆောင်ရွက်သွားပါမည်။

(၃-ခ)   ဆည်ရေသောက်စနစ်များ သာမန်ထိန်းသိမ်းခြင်းနှင့် အထူးပြင်ဆင်ခြင်း လုပ်ငန်းများကို နှစ်စဉ်ခွဲဝေရရှိသော ရန်ပုံငွေဖြင့် ဆောင်ရွက်သွားပါမည်။

(၃-ဂ)   ပဲခူးတိုင်းဒေသကြီးအတွင်း လယ်ယာမြေများ နှစ်စဉ်ရေကြီးနစ်မြုပ်မှုနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် တာတမံများ ပြုပြင်ခြင်း၊ တာတမံသစ်များ တည်ဆောက်ခြင်းလုပ်ငန်းများ၊ ရေနုတ်ချောင်း/မြောင်း များတူးဖော်ခြင်းလုပ်ငန်းများကို နှစ်စဉ် ခွဲဝေရရှိသောရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြင့် လယ်ယာမြေများကို ရေဘေးကာကွယ်နိုင်မည် ဖြစ်ပါသည်။

(၃-ဃ)  ဆည်မြောင်းလုပ်ငန်းစီမံကိန်းသစ်များအနေဖြင့် မူလလယ်မြေဧကများကို ရေပိုမိုသေချာအောင် ဆောင်ရွက်သွားပါမည်။

 

စိုက်ပျိုးရေ ဖူလုံစွာရရှိရေးအတွက် နည်းလမ်း (၆)သွယ်

(၁)         ဆည်မြောင်းတာတမံအသစ်တည်ဆောက်ခြင်း

(၂)          ရေဝေရေလဲဧရိယာမှ စီးဝင်သည့် ရေများအား အပြည့်အဝသိုလှောင်အသုံးချရေး စီမံဆောင်ရွက်ခြင်း

(၃)         တည်ဆောက်ပြီး ဆည်မြောင်းတာတမံများမှ ဆည်ရေကိုထိရောက်စွာပေးသွင်း နိုင်ရန်နှင့် ရေပိုမိုသိုလှောင်နိုင်ရန် ပြုပြင်ခြင်း

(၄)         မြစ်ချောင်းများ ရေကြီးချိန်တွင် မြစ်ချောင်းအနီး အင်း၊ အိုင်၊ ချိုင့်ဝှမ်းများ အတွင်း၌ ရေကိုသွယ်ယူပြီး ရေတံခါးတပ်ကာ သိုလှောင်ထားရှိခြင်း

(၅)         မြစ်ချောင်းများမှ ရေကို ရေစုပ်စက်ဖြင့် စုပ်တင်ခြင်း

(၆)         မြေအောက်ရေကို ထုတ်ယူသုံးခြင်း

 

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏

ဥပဒေ၊ နည်းဥပဒေများ

      ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ဥပဒေ၊ နည်းဥပဒေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁)   တူးမြောင်းဥပဒေ (၁၉၀၅ ခုနှစ်၊ မြန်မာနိုင်ငံ အက်ဥပဒေ အမှတ်-၂၊ ၁၉၀၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်)

(၂)    တာတမံ အက်ဥပဒေ (၁၉၀၉ ခုနှစ်၊ မြန်မာနိုင်ငံ အက်ဥပဒေ အမှတ်-၄၊ ၁၉၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၅ ရက်)

(၃)   ရေခွန်နှင့် တာတမံခွန် ဥပဒေ (၁၉၈၂ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ်-၁)တို့ဖြစ်ပါသည်။