Home / အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန

Untitled-2ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ

ရည်မှန်းချက်

၁။       ပဲခူးတိုင်းဒေသကြီးအတွင်းရှိပြည်သူများအား ကာလတိုအသက်မွေးပညာ သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့်အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊အသေးစားစက်မှုလက်မှုလုပ်ငန်းများအား ဥပဒေ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းမှတ်ပုံတင်ပေးရန်၊ အသေးစား စက်မှုလက်မှု လုပ်ငန်း အသစ်များ ပေါ်ထွန်းလာစေရေးအတွက် နည်းပညာများ လွှဲပြောင်း ပေးရန်၊ တိုင်းဒေသကြီး အတွင်း မှတ်ပုံတင် ထားရှိပြီးသောအသေးစားစက်မှုလက်မှုလုပ်ငန်းများအားဖွံ့ဖြိုးတိုးတက်အောင်ကူညီဆောင်ရွက်ပေးရန် ရက်ကန်း နှင့် အသက်မွေး ပညာ သင်တန်းကျောင်း၏ လုပ်ငန်းများဖြစ်သည့် ရိုးရာရက်ကန်းပညာများ မတိမ်ကောမပပျောက်အောင် ထိန်းသိမ်းခြင်းနှင့် ခေတ်မီရက်ကန်းပညာများကို ရက်ကန်းလုပ်ငန်းရှင်များအား ရက်ကန်းပညာရပ်ဆိုင်ရာသင်တန်းများ ဖြန့်‌ေပေးရန်တို့ဖြစ်ပါသည်။

ရည်ရွယ်ချက်

၂။     အသက်မွေးဝမ်းကျောင်းသင်တန်းများဖွင့်လှစ်ပေးခြင်းမှာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အတန်းပညာကို ဆက်လက်မသင်ယူနိုင်ဘဲ ကျောင်းထွက်ခဲ့ရသော လူငယ်လူရွယ်များအား အသက်မွေး ဝမ်းကျောင်းပညာများ သင်ယူပြီး လက်တွေ့ လူမှုဘဝတွင် လုပ်ငန်းရှင်များ အတတ်ပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဆင်းရဲ နွမ်းပါးမှုလျော့နည်းစေရန်၊ တစ်ဦးချင်းဝင်ငွေတိုးတက်စေရန်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းများပေါ် ထွန်းလာစေရန် နှင့် စိတ်ချယုံကြည်စွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး၊ ကျန်းမာရေးနှင့်ညီညွှတ်စေသော စားသောက်ကုန်များ၊လူသုံးကုန်များ၊အလှကုန်၊ပစ္စည်းများအား ဓါတု/ဇီဝ ဓါတ်ခွဲစမ်းသပ်ပေးရန်တို့ဖြစ် ပါသည်။

လုပ်ငန်းတာဝန်များ

၃။           အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၏လုပ်ငန်းတာဝန်များမှာ

အောက်ပါအတိုင်းဖြစ်ပါသည် –

(က) သမဝါယမအသင်းများနှင့် အသေးစား စက်မှုလက်မှု လုပ်ငန်းများသို့ စက်မှုလက်မှု

အတတ်ပညာနှင့် ကျွမ်းကျင်အကူအညီပေးခြင်း၊

(ခ) သမဝါယမအသင်းများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများအား ထုတ်လုပ်မှုနည်း

ပညာအကူအညီပေးခြင်း၊

(ဂ) သမဝါယမအသင်းများနှင့် အသေးစား စက်မှုလက်မှု လုပ်ငန်းများ ထူထောင်နိုင်ရန် နှင့်

ပစ္စည်းအရည်အသွေးထိန်းသိမ်းမြှင့်တင်နိုင်ရန် တီထွင်စမ်းသပ်ပေးခြင်း၊

(ဃ) စက်မှုလက်မှု နှင့် ရိုးရာ အနုပညာများအတွက် လေ့ကျင့်ပညာပေး လုပ်ငန်းများ

ဆောင်ရွက်ခြင်း၊

(င)နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပြည်ပအကူအညီပေါင်းမှုတို့ဖြင်အသေးစားစက်မှုလက်မှု

လုပ်ငန်းများကဆောင်ရွက်ရမည့်စီမံကိန်း၊စီမံချက်လုပ်ငန်းများစီမံခန့်ခွဲခြင်း၊

(စ) မိမိတိုင်းဒေသကြီး / ပြည်နယ်အတွင်းရှိရက်ကန်းကျောင်းများကို ကြီးကြပ်ဆောင်ရွက်ခြင်း

(ဆ) အသေးစား စက်မှုလက်မှု လုပ်ငန်းမြှင့်တင်ရေး ဥပဒေပြဌာန်းချက်များကို အကောင်အထည်

ဖော်ဆောင်ရွက်ခြင်း၊

ဥပဒေနှင့်နည်းဥပဒေများနှင့်လုပ်ထုံးလုပ်နည်းများ

၄။              အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၁၄/၂၀၁၁ အရ ပြဌာန်းထားရှိသော အသေးစား စက်မှုလက်မှု လုပ်ငန်း မြှင့်တင်ရေး ဥပဒေနှင့် ၂၀၁၅ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအမိန့်ကြော်ငြာစာအမှတ်(၈၄/၂၀၁၅)အရ ထုတ်ပြန်ထားသောအသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးနည်းဥပဒေများကိုလိုက်နာဆောင်ရွက် လျှက်ရှိပါသည်။ ပဲခူးတိုင်းဒေသကြီး အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဥပဒေမူကြမ်းအား ရေးဆွဲတင်ပြ ထားဆဲဖြစ်ပါသည်။

၅။          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရ၏ (၈.၅.၂၀၁၄) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ် ၉/၂၀၁၄ သဘောတူခွင့်ပြုချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးဌာနမှူးရုံးများတိုးချဲ့ဖွင့်လှစ်ခြင်းနှင့်ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတို့ကိုလည်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့် ရရှိခဲ့ပါသည်။   အဆိုပါ ခွင့်ပြုချက်အရ တိုင်းဒေသကြီး/ပြည်နယ် တစ်ရုံးလျှင် အရာထမ်း(၈)ဦး၊ အမှုထမ်း(၁၇)ဦး၊ စုစုပေါင်း(၂၅)ဦးဖြင့်လည်းကောင်း၊ရက်ကန်းကျောင်းတစ် ကျောင်းလျှင် အရာထမ်း(၃)ဦး၊အမှုထမ်း(၁၅)ဦး၊စုစုပေါင်း(၁၈)ဦးတို့ဖြင့်တိုးချဲ့ဖွဲ့စည်းခွင့်ပြုခဲ့ ပါ၍ ဤတိုင်းဒေသကြီးဦးစီးဌာနရုံးအား(၁.၁.၂၀၁၅)ရက်နေ့မှစတင်ဖွင့်လှစ်၍တိုင်းဒေသကြီး ဦးစီးဌာန၏လုပ်ငန်းများဆောင်ရွက်လျှက်ရှိပါသည်။ဤဦးစီးဌာနလက်အောက်တွင်ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း( ရွှေတောင်မြို့ ) ရှိပါသည်။