Home / မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

Logo

ပဲခူးတိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏

မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒနှင့် အစီအမံများ

 မျှော်မှန်းချက် ( Vision )

         စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်နှင့်အညီ တိုင်းဒေသကြီးအတွင်း စားနပ်ရိက္ခာဖူလုံစေ ပြီး ပိုလျှံသည့်ထွက်ကုန်များကို အခြားပြည်နယ်တိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချနိုင်ရေးကို ဦးတည် ဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်

 

ရည်မှန်းချက်များ ( Objectives )

ရည်မှန်းချက်များမှာ-

(က) စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် အစားအစာဘေးကင်းလုံခြုံမှုရှိစေရေး ဆောင်ရွက်ရန်။
(ခ) မွေးမြူသူများ၊ တောင်သူများ၏အခွင့်အရေး ပြည့်ဝစွာခံစားနိုင်ရန်နှင့် အကျိုးစီးပွားမြင့် မားလာစေရန်။
(ဂ) လုပ်ကွက်ငယ် တောင်သူလယ်သမားများ၊မွေးမြူသူများနှင့် ရေလုပ်သားများကိုအခြေခံ၍ အစုအဖွဲ့များ၊ သမဝါယမအသင်းများဖွဲ့စည်းပြီး အတွေးသစ်၊ အမြင်သစ်များဖြင့် စိုက် ပျိုးမွေးမြူရေးလုပ်ငန်းများကို ခေတ်မှီဖွံ့ဖြိုးတိုးတက်လာစေရန်။
(ဃ) တန်ဖိုးကွင်းဆက် ( Value chain ) တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်လုပ်မှု ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့် စားသုံးမှုကဏ္ဍများကို ထိရောက်စွာချိတ် ဆက်ဆောင်ရွက်သွားရန်။
(င) ဆင်းရဲမှုလျှောချရေး၊ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သော ကျေး လက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သက်ဆိုင်သူများအားလုံး (State-holders) များ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်။

 

 

မူဝါဒများ ( Policies )

(က) မျိုးကောင်းမျိုးသန့်တိရစ္ဆာန်နှင့် အရည်အသွေးမီသော တိရစ္ဆာန်ထွက်ပစ္စည်းများတိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီနည်းပညာများဖြင့် မွေးမြူရေးဆိုင်ရာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများနှင့် တိရစ္ဆာန်အာဟာရဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သွား မည်။
(ခ) ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ဝန်ဆောင်မှုကိုရှေ့ရှုသည့် ကောင်းမွန် သောစီမံအုပ်ချုပ်မှု ယန္တရားတိုးတက်ဖြစ်ပေါ်စေရေးဆောင်ရွက်သွားမည်။
(ဂ) တောင်သူလယ်သမားများနှင့် မွေးမြူသူများအား ပညာပေးလုပ်ငန်းများကို အားပေး ဆောင်ရွက်သွားမည်။

 

 ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် အစီအမံများ ( Work plans )

(က) လူတစ်ဦးခြင်း၏ အသားစားသုံးမှုမြင့်မားရေးနှင့် အာဟာရပြည့်ဝရေး ကြိုးပမ်းဆောင် ရွက်ပါမည်။
(ခ) အစားအစာဘေးကင်းလုံခြုံရေး၊ တိရစ္ဆာန်အချင်းချင်းနှင့် တိရစ္ဆာန်မှလူသို့ အပြန်အလှန် ကူးစက်တတ်သည့်ရောဂါများကို ကြိုတင်ကာကွယ်ထိန်းချုပ်ခြင်းနှင့် မွေးမြူကုသရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပါမည်။
(ဂ) အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားများနှင့် မွေးမြူသူများအား မွေးမြူရေးပညာပေးသင်တန်းများဖွင့်လှစ်၍ ခေတ်မီမွေးမြူရေးနည်းစနစ်များ ဖြန့်ဝေသွား ပါမည်။
(ဃ) တိရစ္ဆာန်ကောင်ရေ အရင်းအမြစ်မပြုန်းတီးစေရေးနှင့် တစ်ပိုင်တစ်နိုင်မွေးမြူရေး ဖွံ့ဖြိုး တိုးတက်မှုအထောက်အကူပြုစေရေးအတွက်  ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသည့်

တိရ စ္ဆာန်များ ထိန်းသိမ်းမွေးမြူပါမည်။

(င) နွားမေထုန်မဲ့သားစပ်နည်း ( Artificial Insemination ) ဖြင့်ဒေသနွားများအားမျိုး မြှင့်တင်၍ မျိုးကောင်းမျိုးသန့်တိရစ္ဆာန်များ တိုးတက်ရရှိနိုင်ရေးနှင့် နွားမွေးမြူရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သွားပါမည်။